Chapter 3

250 16 0
                                    

လူအများ​ရှေ့တွင် အနိုင်ကျင့်ခြင်း

"မင်း ကိုယ့်ကိုကြောက်​နေတာလား"

မျက်နှာချင်းဆိုင်တွင်ထိုင်​နေသည့်​ယောက်ျားက ခက်ရင်းနှင့်ဓါးကိုချလိုက်ပြီး သူ၏နှုတ်ခမ်းတစ်​လျှောက်ကို လက်ကိုင်ပုဝါနှင့်ခပ်ဖွဖွသုပ်ရင်း ​ဝေ့ရှီအား​မေးလာ၏။

​ဝေ့ရှီက ချိတုံချတုံဖြင့်သူ့အား​မော့ကြည့်လိုက်၍ မည်သို့ပြန်​ဖြေ​ပေးရမှန်းမသိ​သေးကာ နှုတ်ဆိတ်​နေလိုက်၏။အမှန်အတိုင်းဆိုရလျှင် သူမအ​ရှေ့ရှိ သူ့အား တကယ်ကို​ကြောက်ပါ၏။

ရွမ်​ရှောက်နန်က ခပ်​ရေး​ရေးပြုံးလိုက်ပြီး လက်နှစ်ဖက်ကိုအလျင်းသင့်သလိုထပ်ထားလိုက်ကာ

"ကိုယ် အ​ဖြေကိုသိ​လောက်ပြီလို့ထင်တာပဲ...ပွင့်ပွင့်လင်းလင်း​ပြောရရင် ​ဝေ့ချိန်​ပေါက်က ဘယ်လိုနည်းလမ်းမျိုးကိုသုံးလိုက်မှန်း ကိုယ်မသိဘူး..ဒါ​ပေမယ့် ကိုယ်လိုချင်တဲ့အ​ခြေအ​နေမျိုးထိရလိုက်တာမလို့ကျေနပ်တယ်...ကိုယ် မင်းရဲ့ပုံစံကို အ​တော်​လေးသ​ဘောကျ​နေတာမလို့ အချိန်ဆွဲမ​နေချင်​တော့တာ..တကယ်လို့များ မင်းအ​ပေါ် တစ်ခုခုအဆင်မ​ပြေသလိုဖြစ်​အောင်လုပ်မိသွားတာမျိုးရှိခဲ့ရင် ကိုယ်​ကပဲတောင်းပန်ပါတယ်.."

​ဝေ့ရှီတွင်လည်း ​ပြောစရာစကားမရှိသလို သူကလည်း နား​ထောင်​ပေးဖို့ရန်အစီအစဥ်မရှိ။တန်းတူညီမျှ​သောစကားဝိုင်းတစ်ခုမဟုတ် အာဏာရှိ​သောသူတစ်​ယောက်​၏စကားကို နား​ထောင်​​ပေးရုံသက်သက်ဖြစ်သည်။

စီးကရက်တစ်လိပ်ကိုထုတ်လိုက်ပြီး သူမအား လူကြီးလူ​ကောင်းဆန်ဆန်​မေးလာ၏။

"​သောက်လို့ရမလား?.."

​ဝေ့ရှီက ​ခေါင်းငြိမ့်ပြလိုက်၏။မီးခြစ်ကိုထုတ်ပြီး စီးကရက်အား အသာအယာမီးညှိလိုက်၏။Givenchy မီးခြစ်မှ မီး​တောက်များက လိ​မ္မော်​ရောင်ပွင့်ဖတ်​လေးများအတိုင်း ​တောက်ပလာကာ ဤပုံစံ ဤမြင်ကွင်းက ​မှောက်သွန်ခုံပစ်ဖြစ်သွားခဲ့သည့်ထိုည၏မြင်ကွင်းနှင့် တစ်​ထေရာတည်း။

<<<<<<<

ထို​နေ့ညတွင် သူက အခန်း၏​ထောင့်ဆုံးကျသည့်​နေရာတွင် ထိုင်​နေခဲ့ပြီး စီးကရက်ကိုမီးညှိ​နေခဲ့သည်။လိ​မ္မော်​ရောင်ပွင့်ဖတ်နှင့်တူသည့်မီး​​တောက်များ ​တောက်ပလာသည်က အ​မှောင်ထုတစ်ခုလုံးကိုမီးထွန်းညှိ​ပေးလိုက်သည့်အတိုင်း သူမ၏ပင်လယ်သမုဒ္ဒရာလိုနက်ရှိုင်း​နေသည့်မျက်ဝန်းအတွင်း ထင်ဟပ်လာခဲ့သည်။အ​မှောင်ထဲတွင် စကားမ​ပြောဘဲတစ်ချိန်လုံး ထိုင်​နေခဲ့သည်ဖြစ်ကာ သူ့အား မှတ်မိနိုင်ရန် ​ဝေ့ရှီအတွက် အခွင့်မသာခဲ့​ပေ။​မှိန်ပျပျ​မီး​ရောင်​အောက်တွင် ထိုလူကိုသဲသဲကွဲကွဲမမြင်ရဘဲ သူ၏အသံကိုသာ ကြားလိုက်ရခြင်းဖြစ်၏။

Alluring [ ဘာသာပြန် ]Where stories live. Discover now