Chapter 60

179 15 2
                                    

သေဆုံးခြင်းနှင့် မခြားနား​တော့သည့် အသက်ရှင်သန်ခြင်း

ညစာစားပြီးသည်နှင့် ရွမ်​ရှောက်နန်က ​ဝေ့ရှီကို​ပွေ့ဖက်ကာ ထုံးစံအတိုင်း ဧည့်ခန်းထဲရှိဆိုဖာ​ပေါ်တွင်ထိုင်ပြီး နှစ်​ယောက်သား တီဗွီကြည့်​နေ၏။​ဝေ့ရှီ၏ လက်တစ်ဖက်က သစ်ကြားသီးကိတ်ကိုကိုင်ထားပြီး တစ်ဖက်က ခက်ရင်းအ​သေးတစ်ခုကိုင်ကာ စား​သောက်ရင်းကြည့်​နေသည်။

​ဝေ့ရှီက ​ပျော်ရွှင်စွာစား​သောက်​နေရင်း တစ်ချက်လှည့်အကြည့်တွင် မျက်​မှောင်ကျုံ့ထားသည့်ရွမ်​ရှောက်နန်ကို ​တွေ့လိုက်ရ၏။ထို့​ကြောင့် လက်တစ်ဖက်ဖြင့် သူ၏နဖူး​ကြောများကို​ဖြေ​လျော့​ပေးလိုက်ကာ ထပ်၍ ကိတ်တစ်ဇွန်းစာယူပြီးပါးစပ်ထဲထည့်​ပေးလိုက်၏။

ရွမ်​ရှောက်နန်က ကိတ်မုန့်ကိုမျိုချလိုက်ပြီး​နောက် ​ခေါင်းငုံ့လာပြီး ​ဝေ့ရှီအား တစ်ချက်နမ်းရှိုက်လိုက်ရင်း သူမ၏မျက်နှာ​ပေါ်တွင်​​ပေကျံ​နေသည့် ကိတ်မုန့်ခရင်မ်များ​ကြောင့် မရယ်ဘဲ​မ​နေနိုင်​အောင်ရယ်မိ​တော့သည်။​ဝေ့ရှီလက်ထဲတွင်ကိုင်ထားသည့်ကိတ်မုန့်ကိုယူကာ ​ဘေးဘက်သို့လှမ်းတင်လိုက်ပြီး​နောက် သူမအား​ပွေ့ချီလိုက်၏။

​ဝေ့ရှီက သူ၏လက်​မောင်းကြားထဲမှ လက်ကိုတိုးထွက်လာပြီး ကျန်​နေခဲ့သည့်ကိတ်မုန့်ကိုလက်ညှိုးထိုးကာ မ​ကျေမနပ်ဖြင့်

"ငါ့ရဲ့ကိတ်မုန့်...စားလို့မပြီး​သေးဘူး​လေ.."

ညအိပ်အကျီ​အောက်မှလှစ်ဟ​နေသည့် ညှပ်ရိုးများ​ပေါ်သို့ ပူပူ​နွေး​နွေးနှုတ်ခမ်းတစ်စုံဖြင့်ဖိကပ်နမ်းရှိုက်လိုက်၍

"ခဏ​နေမှ ဆက်စား..."

ယ​နေ့ည၏ကြယ်​ရောင်များ​တောက်ပ​နေသည့်အလှတရားက ဟိုးအရင်နှစ်များဆီမှ ည​လေပြင်း​ကြောင့် ​မီး​တောက်သဖွယ်မေပယ်ရွက်များ​ကြွေကျ​နေသည့်​ဆောင်းညတစ်ညနှင့် ဆင်တူလွန်းလှသည်။​ဝေ့ရှီနှင့်အတူ လုအိမ်​တော်​ကြီးရှိ ဒန်း​ပေါ်တွင်ထိုင်ပြီး ကြယ်များအပြည့်ရှိ​နေသည့်​ကောင်းကင်ကြီး​အောက်တွင် ​ကြွေကျ​နေဆဲမေပယ်ရွက်များကို ​ရေတွက်ခဲ့ကြဖူးသည်။ညတစ်ခွင်လုံး တိတ်ဆိတ်​နေပြီး ပတ်ဝန်းကျင်​ဘေးပတ်ပတ်လည်တွင်မည်သည့်အသံမှမရှိ သူ၏တဒုတ်ဒုတ်မြည်လာခဲ့သည့် နှလုံးခုန်သံသာ ရှိ​နေခဲ့သည်။​ဝေ့ရှီက သူ၏နှလုံးသားတည့်တည့်သို့​ခေါင်းအပ်လာခဲ့ပြီး မျက်ဝန်းများကိုမှိတ်ချလိုက်ရင်းက တဖြည်းဖြည်း နှုတ်ခမ်း​ထောင့်စွန်းကို​ကွေးတက်​အောင်ပြုံး​နေခဲ့၏။

Alluring [ ဘာသာပြန် ]Where stories live. Discover now