Chapter 21

148 15 0
                                    

အသက်​ကို နုတ်ယူသွား​စေနိုင်​လောက်​သော မုသားစကား (Part )

ရွမ်​ရှောက်နန် ထွက်သွားခဲ့သည်နှင့် တပြိုင်နက် ​​ဝေ့ရှီ၏စိတ်ထဲ က​​ပြောင်းကပြန်ခံစားချက်များ ​ပေါ်လာခဲ့၏။တစ်ဝက်က သူ့အတွက် စိုးရိမ်​ပေး​နေခြင်းဟုဆိုလျှင် အခြားတစ်ဝက်သည်ကား မည်သည့်အတွက် အလိုမကျဖြစ်​နေရမှန်း ကိုယ့်ကိုကိုယ် မသဲကွဲမ​ဖော်ပြနိုင်ဖြစ်​နေ၏။

ရုတ်တရက်အ​ခြေအ​နေ​ကြောင့် မည်သည့်​နေရာသို့ဆက်သွားရမည်ကိုပင် မစဥ်းစားမိ​တော့ကာ အလျင်းသင့်ရာ ​ရောက်ရှိ​နေသည့်လမ်း​မကြီး​ဘေး၌သာ ဟို​ငေးဒီ​ငေး လမ်း​လျှောက်​နေ​လေ၏။ယ​နေ့၏ ​ကောင်းကင်က အပြာနု​ရောင်သမ်းကာ အဖြူ​ရောင်တိမ်တိုက်ပါးပါး​လေးလည်း ရှိ​နေ​သေး၏။

မြင့်မား​သော​ကောင်းကင်ထက်ရှိ တိမ်တိုက်များက ​နေ​ရောင်​ကြောင့် မသိမသာ​လေး ​တောက်ပ​နေကာ ​တောင်ပိုင်းမှတိုက်ခတ်လာသည့်​ဆောင်းရာသီ​လေညှင်းထဲတွင် ​နေ​ရောင်​၏​နွေး​ထွေးမှု​လေး​ရောပါ​နေသဖြင့် ယခုရာသီက လည်ပတ်၍အ​ကောင်းဆုံးအချိန်ဟု ဆိုရမည်။

​ဝေ့ရှီက ​ရောက်တတ်ရာရာလမ်းအချိုးတိုင်းသာ ဦးတည်ရာမဲ့​လျှောက်​နေခဲ့ရင်း ရုတ်တရက် ​အ​ဝေးမှ​ပြေးလာသည့် အင်ဂျင်သံတစ်ခုကို ကျယ်ကျယ်​လောင်​လောင်ကြားလိုက်ရ၏။ထို့​နောက် ​မော်​တော်ဆိုင်ကယ်က အရှိန်ဖြင့်​ပြေးဝင်ကာ ရှဲခနဲမြည်သည့် ဘရိတ်​ဆောင့်နင်းလိုက်သံနှင့်အတူ ​ဝေ့ရှီ၏​ခြေ​ချောင်း​လေးများနှင့် ဘယ်​လောက်မှမလို​တော့​သောစင်တီမီတာအကွာအ​ဝေးတစ်ခုတွင် ထိုးရပ်သွား​လေ၏။ဖြစ်စဥ်တစ်ခုလုံးက ​လေးငါးစက္ကန့်မျှသာကြာလိုက်သဖြင့် ​ဝေ့ရှီတစ်​ယောက် ​ကြောင်အမ်းပြီးရပ်​နေရုံသာ တတ်နိုင်ခဲ့၏။

ဆိုင်ကယ်​ပေါ်မှသူက helmet ကိုချွတ်ပြီး ​ခန့်ညား​သောမျက်နှာသွင်ပြင်ကို ​နေ​ရောင်​အောက်သို့ လှစ်ဟာပြလာ၏။

​ဝေ့ရှီက သံသယဝင်​နေသည့်အလား ​စောင်းကြည့်ပြီး

"ငါ ဘာလို့ လမ်း​ပေါ်မှာ ​ရောက်တတ်ရာရာ​လျှောက်သွား​တဲ့အချိန်တိုင်း ​နင်နဲ့ပဲ​ လာတွေ့​နေရတာပါလိမ့်."

Alluring [ ဘာသာပြန် ]Where stories live. Discover now