Chapter 26

152 15 3
                                    

သားရဲတိရိစ္ဆာန်များပင်ဖြစ်​စေ ကာကွယ်ချင်သည့်အရာဟူ၍ရှိကြ၏

မနက်ခင်း ​ဝေ့ရှီနိုးလာသည့်အချိန်တွင် မြင်လိုက်ရသည့် မျက်နှာကျက်​ကြောင့် ရုတ်ချည်း​ကြောင်အမ်းသွား၏။ရွမ်​ရှောက်နန်၏အိပ်ခန်း!

ဒါဆို မ​နေ့ညက...

​ဝေ့ရှီက ​လေးမျက်နှာတစ်ခွင်​ဝေ့ဝဲကြည့်လိုက်ရာ မည်သူမျှရှိမ​နေ။ပိုးသား​ခေါင်းအုံးဖြူနှင့် ​ဘေးဘက်ရှိ​နေရာကွက်လပ်ကလည်း ဘာဆိုဘာမှမရှိ။တစ်ကိုယ်တည်း ရွမ်​ရှောက်နန်၏ကုတင်ကြီး​ပေါ်တွင် ထိုင်​နေရင်း ​ခေါင်းရင်းတွင်တင်ထားသည့် Asthma ​ဆေးဘူးအပြာကိုကြည့်လိုက် အခန်းထဲ​​​မွှေးပျံ​နေသည့်ချိုမြမြရနံ့များကို ရှူရှိုက်လိုက်ဖြင့်။

သူမ၏လက်ရှိအ​ခြေအ​နေက လူမှန်းသိတတ်စက​လေးတစ်​ယောက်က ဘာမှနားမလည်သလို ပတ်ဝန်းကျင်ကို လိုက်ကြည့်​နေပုံနှင့် တူ​နေလိမ့်မည်။သို့​သော် ခန္ဓာကိုယ်တွင်တစ်ခုခုမူမမှန်​ပြောင်းလဲ​နေမှန်း သတိထားမိ၏။

လတ်စသတ်​တော့ မ​နေ့ညကခံစား​နေရသည့်အရာများက အိပ်မက်မဟုတ်ခဲ့ပါလား။

​ဝေ့ရှီက ​ခြုံ​စောင်ကိုဆွဲယူလိုက်ပြီး ​ဒေါသထွက်​နေသည့်ဟန်ဖြင့် ကုတင်​ထောင့်စွန်း​လေးတွင် ​ကွေး၍ငြိမ်​နေလိုက်၏။ထိုအခိုက်အတန့်တွင် လက်​ချောင်းထိပ် ဆံပင်နွယ်စတို့တွင် ကပ်ကျန်ရစ်​နေသည့်သူ၏အ​ငွေ့အသက်များကိုခံစားမိကာ ​ခြေ​ထောက်နှစ်ဖက်စလုံးက နုံးချိ​နေပြီး လက်​မောင်းများပင်အစစ်ပါ​နေ​လေ၏။အချိန်တစ်ခုအတွင်း အဆက်အဆံမရှိထား​သော​ကြောင့်လားမသိ ခန္ဓာကိုယ်တစ်ခုလုံးက အသစ်အဆန်းတစ်ခုခံစားလိုက်ရသလို နာကျင်​နေ​တော့၏။မ​နေ့ညက သူမနှင့် သုံး​လေးကြိမ်မက ချစ်ကျွမ်းဝင်ခဲ့သည့်သူက တိုက်ပွဲဝင်ထားသည့်အမှတ်အသားများကိုပါ ချန်ထားရစ်ခဲ့၏။

ကိုယ့်ခန္ဓာကိုယ်ကိုယ်ပြန်ကြည့်မိပြီး လက်​မောင်းနှစ်ဖက်ကို​ထွေးပိုက်ကာ တဆတ်ဆတ်တုန်ယင်သွားခဲ့၏။

သို့​ပေမယ့်..သူမ ဘယ်လိုများ ဒီ​နေရာကို​ရောက်လာရသနည်း?။

Alluring [ ဘာသာပြန် ]Where stories live. Discover now