Chapter 22

164 16 0
                                    

- ပေါင်​​ပေ့..ကြည့်ပါဦး တစ်ကိုယ်လုံးတုန်​နေတာပဲ

​ဝေ့ရှီက ရက်ဆက်တိုက်ကြာ​အောင် ​ကောင်း​ကောင်းအိပ်မ​ပျော်သဖြင့် မျက်ကွင်းတဝက်မကညို​နေပြီဖြစ်ကာ လူကလည်း မရွှင်မလန်းဖြစ်​နေ၏။

မနက်​စော​စောနိုးလာသည့်ရူ​ဖေးက တစ်ကိုယ်တည်းအလုပ်ရှုပ်​နေသည့်​ဝေ့ရှီကိုကြည့်ပြီး

"ဒီနှစ်ရက်စလုံး ဘာလို့ ငါ့ဆီမှာ လာကပ်​နေတာလဲ...ရွမ်​ရှောက်နန်က​ရော.."

​ဝေ့ရှီက ဆူရှီပြုလုပ်သည့်နည်းလမ်းကို ​လေ့ကျင့်​နေရာမှ

"သူ အခုတ​လောအလုပ်အရမ်းများ​နေတာ..ပြန်သွားလည်း သူ့ကို​တွေ့ရမှာမဟုတ်ဘူး...အိမ်အကူ​တွေနဲ့ပဲမျက်နှာချင်းဆိုင်နေရ​တော့ အဲ့မှာ​နေ​နေရတဲ့ ငါ့ပုံစံကြီးက အရူးလိုလိုပဲ.."

ရူ​ဖေးက ဆူရှီတစ်လိပ်ကိုယူပြီး ပါးစပ်ထဲထည့်ဝါးလိုက်၏။

"ဘာလဲ..ရန်ဖြစ်ထားတာလား.."

​ဝေ့ရှီက သက်ပြင်းတစ်ချက်ချလိုက်ပြီး

"ရန်ဖြစ်ပြီးစကားများလိုက်ရတာကမှ ​ကောင်းဦးမယ်..လက်ရှိ ငါ့ရဲ့အဖြစ်က အ​အေးနန်း​ဆောင်ကိုပို့ခံလိုက်ရတဲ့ကြင်ယာ​တော်မိဖုရားလိုပဲ..အရှင်မင်းကြီးရဲ့​မျက်နှာ​တော်ကို ဖူး​မြော်ခွင့်မရသလိုမျိုး​လေ.."

ရူ​ဖေးက ​နောက်ထပ်တစ်လိပ်ယူကာ ပါးစပ်ထဲသွတ်ထည့်ပြီး

"​တော်စမ်းပါ...နင်သာ ဒီအချိုးနဲ့ ကြင်ယာ​တော်မိဖုရားဆိုရင် အရှင်မင်းကြီးအမျက်​တော်ရှပြီး အကြိမ် ၁၈၀ခါ​လောက်သတ်တာ ခံရပြီး​လောက်ပြီ"

​ဝေ့ရှီက ရူ​ဖေး၏လက်ကို ပုတ်ထုတ်လိုက်၍

"ညှာညှာတာတာကိုမရှိဘူး..နင်​ပြောလိုက်မှ ငါ့ကိုယ်ငါ​တောင် အထင်ကြီးလာပြီ...ပြီး​တော့... သူ့ဘက်က​တောင် လိုက်​ပြော​ပေး​နေ​သေးတယ်ဟုတ်လား...တကယ်ပဲ ဘက်​ပြောင်းတာမြန်လိုက်တာ.."

ရူ​ဖေးက မျက်​စောင်းတစ်ချက်ထိုးပြီး

"ငါက နင့်ဘက်က​နေ​ပြော​နေတာဟ...နင့်စိတ်ကို ငါနားလည်လွန်းလို့​လေ..နှစ်ခွန်းသုံးခွန်းနဲ့ကို တစ်ဖက်လူ​သေချင်စိတ်​ပေါက်​အောင် ​ပြောမှာ​..ရွမ်​ရှောက်နန်က နင့်ကိုဆို ​ကောင်း​ကောင်းဆက်ဆံတယ် ဘာမဆိုအလိုက်သင့်​လေး​နေ​ပေးတယ်မလား...နင်ကသာ သူ့ကိုစိတ်ဆိုး​အောင် သွားသွားလုပ် ပြီးရင် နင်ပဲ ခံလာရတာ.."

Alluring [ ဘာသာပြန် ]Dove le storie prendono vita. Scoprilo ora