Chapter 59.1

159 14 0
                                    

ဒီတစ်သက် ဒီဘဝ ဘယ်အချိန်ဘယ်အခါပြန်ဆုံကြမည်မှန်း မသိ​တော့ပြီ

လင်း​လော့ချွမ် လူနာခန်းထဲသို့ဝင်လာသည့်အချိန်​တွင် ​​ဝေ့ရှီကအိပ်ရာမနိုး​သေး။ချီ​မော့က ​ဘေးနားတွင်​စောင့်​​ပေး​နေရင်း ​ခေါင်းငြိမ့်ပြကာ အလိုက်တသိထွက်သွား​ပေးသည်။

အိပ်ရာ​ဘေးတွင်ဝင်ထိုင်ပြီး​နောက် ​ဝေ့ရှီ၏လက်ကိုဆုတ်ကိုင်လိုက်၍

"​ဝေ့ရှီ...ကိုယ် သွားရ​တော့မယ်...ကိုယ့်အ​ဖေက နှလုံး​ရောဂါထ​ဖောက်တာမလို့ အ​ရေး​ပေါ်ကုသခန်းထဲထည့်ထားရတယ်...ကိုယ့်အစ်မ​ပြောတာ​ သုံး​လေးရက်​တောင်မခံ​လောက်​တော့ဘူးတဲ့"

​ပြော​နေရင်းက မျက်ဝန်းအိမ်အတွင်း ဝမ်းနည်းပူ​ဆွေးသည့်စိတ်များပြည့်​နေလာခဲ့ပြီး ခပ်ဖွဖွ​လေးရယ်လိုက်၍

"သူက ရိုက်လို့မ​သေနိုင်တဲ့သူလို့ ကိုယ်ထင်​နေခဲ့တာ...မထင်ထားမိဘူး...အဲ့လိုကြမ်းတမ်း​နေတဲ့သူက ကိုယ့်​ကြောင့်စိတ်ဆိုးပြီး အခုလိုဖြစ်သွားမယ်လို့​လေ...​တောင်းပန်ပါတယ်...ကိုယ် မင်းကို ခဏ​လောက်​တော့ ဒီ​နေရာမှာထားခဲ့ရလိမ့်မယ်...​ဘော်ဒီဂတ်​တွေကလည်း မင်းလုံခြုံ​ရေးအတွက်အမြဲတမ်းရှိ​နေမှာ...ပြီး​တော့ ချီ​မော့နဲ့ရူ​ဖေးကလည်း မင်းကို​ကောင်း​ကောင်းဂရုစိုက်​ပေး​နေမှာ​နော်.."

​ခေါင်းကိုငုံ့လိုက်ပြီး နားဖျားဆီသို့တိုးကပ်၍ တစ်ခုခုထပ်၍ဆိုလိုက်ကာ နဖူးကိုအသာအယာနမ်းပြီး​နောက်

"ဂရုစိုက်​နော်..."

တံခါးဝအပြင်သို့ထွက်ခါနီးအချိန်၌ အ​နောက်ဘက်ဆီမှ အသံတစ်ခုခုကိုကြား​နေရသလို ခံစားမိလာ၏။ သူ့အား ထွက်မသွားဖို့ရာ ပြန်ဆွဲ​နေသည့်အသံမျိုး။ ဤခံစားချက်ကြီးက ပြင်းထန်လွန်းပြီး ဝမ်းနည်းနာကျင်စရာ​ကောင်းလွန်းသည့်ခံစားချက်မျိုး။

ဒီတစ်​ခေါက်ခွဲခွာရခြင်းက ထာဝရခွဲခွာလိုက်ခြင်းလိုမျိုး။

ဒီတစ်သက် ဒီဘဝတွင် ဘယ်ဆီ​နေမှန်းမသိ​​သောအချိန်မျိုး၌မှ ပြန်လည်​တွေ့ဆုံရ​တော့မည့်ခံစားချက်မျိုး။

Alluring [ ဘာသာပြန် ]Kde žijí příběhy. Začni objevovat