Chapter 28

225 19 1
                                    

နင် အသက်ရန်​ကြွေး​တွေကို ဆပ်​ချင်​နေတုန်းပဲ

​နောက်တစ်​နေ့မနက်ခင်းတွင် ဝမ်​စောင်က ဧည့်ခန်း၏​ကော်​ဇောခင်း​ပေါ်တွင်အိပ်​နေသည့်နှစ်​ယောက်ကိုမြင်ပြီး​နောက် 'အို' အသံတစ်ချက်နှင့်အတူ မျက်လုံးကိုအမြန်ဖုံးလိုက်ပြီး ပါးစပ်မှခပ်ကျယ်ကျယ်​အော်လိုက်၏။

"​အော်မီ​ထော်​ဖော်...​အော်မီ​ထော်​ဖော်"

နှစ်​ယောက်သား အိပ်​ပျော်သွားသည့်အချိန်မှာလည်းသိပ်မကြာ​သေးကာ ဝမ်​စောင်၏​အော်သံ​ကြောင့် ချက်ချင်းနိုးလာ၏။ရွမ်​ရှောက်နန်က အိပ်​နေရာမှထထိုင်ကာ အရက်ရှိန်​ကြောင့် ​ခေါင်းကိုက်​နေသည့်အပြင် ဘာမှလည်းသတိမရ​သေး။နားထင်ကိုဖိကာ ဝိုးတိုးဝါးတားဖြင့်

"ဝမ်​စောင်...​စော​စောစီးစီး ဘာဖြစ်လို့​ခေါ်​နေရတာလဲ"

​ဝေ့ရှီက အကျီများကို​ကောက်ယူကာ ရွမ်​ရှောက်နန်၏ခန္ဓာကိုယ်အ​နောက်သို့ဝင်ပုန်းလိုက်ရင်း ရှက်​နေသည့်ကြားမှ သူ့အား မထိတထိတွန်း​နေ၏။ရွမ်​ရှောက်နန်က မျက်ဝန်းနှစ်ဖက်လုံးဖွင့်သည့်အချိန်မှ ခန္ဓာကိုယ်တွင် အဝတ်အစားတစ်ထည်​လေးပင် ကပ်မ​နေ​တော့​ကြောင်းသတိထားမိသွား၏။

အကာအကွယ်ရနိုင်မည့်ပစ္စည်းတစ်ခုကို အမြန်ရှာလိုက်ပြီး

"​တောင်းပန်ပါတယ်...ဝမ်​စောင်...မ​နေ့ညက..."

အမျိုးသမီးကြီးက အ​စောကတည်းက ​ကျော​ပေးထားနှင့်ပြီးဖြစ်ကာ သ​ဘောတကျရယ်​နေရင်း

"ဘာမှမဖြစ်ဘူး..ဘာမှမဖြစ်ဘူး...ကျွန်မ ဘာမှမမြင်လိုက်ဘူး...ကျွန်မ ခဏ​လေးပဲအိမ်ပြန်သွားတာကို ဒီက​လေး​တွေ တံခါးမပိတ်ကြ​တော့ဘူးလား...ချစ်ချင်တိုင်းကို ချစ်​နေ​ကြ​တော့တာ...ဟား..ဟား.."

ထွက်မသွားခင်​လေး ​ဝေ့ရှီကိုတစ်ချက်လှမ်းကြည့်ကာ

"က​လေးမ​လေး...အခု​တော့ သူ့ကိုပြန်ဖမ်းဆွဲလိုက်ပြီ​ပေါ့.."

"ဝမ်​စောင်ကဘာဖြစ်​နေတာလဲ..အထူးအဆန်းလုပ်ပြီးကိုရယ်​နေ​တော့တာ"

​ရွမ်​ရှောက်နန်က အဝတ်အစားဝတ်ရင်း ​မေးလာ​လေ၏။

​​ဝေ့ရှီက သူ့အားတစ်ချက်လှမ်းကြည့်ရင်း

Alluring [ ဘာသာပြန် ]Where stories live. Discover now