Chapter 41

159 13 0
                                    

ကံကြမ္မာအလိုကျ(Part 1)

​ဝေ့ရှီအိမ်ပြန်​ရောက်သည့်အချိန်တွင် အပြင်ဘက်ရှိ​ကောင်းကင်ကြီးပင် လင်းစပြု​နေ​ပြီဖြစ်သည်။စားပွဲ​ပေါ်တွင် ချီ​မော့ချန်ထားခဲ့သည့်စာတစ်​စောင်ကို​တွေ့ကာ ​ရေးထားသည်က ရက်အနည်းငယ်အပြင်ထွက်​နေမည်ဖြစ်ပြီး ကိုယ့်ကိုကိုယ်ဂရုတစိုက်​နေရန်နှင့် တစ်ခုခုဆိုလျှင်သူနှင့်တိုင်ပင်ရန်​ဖြစ်ပြီး ​ငွေသားအချို့နှင့်အ​ရေး​ပေါ်ဆက်သွယ်ရမည့်ဖုန်းနံပါတ်ပါ ထားခဲ့၏။

​ဝေ့ရှီက စာရွက်ကိုစားပွဲ​ပေါ်ပြန်တင်ကာ သက်ပြင်းမချဘဲမ​နေနိုင်​တော့၏။ဤတစ်ကြိမ်က ပထမဆုံးအကြိမ်မျိုးမဟုတ်​တော့၊ ​ဝေ့ချိန်​ပေါက်၏ကိစ္စများကိုလက်ခံ​ပေးရသည့်အချိန်တိုင်း အချိန်တစ်ခုကြာ​အောင် ​ပျောက်​ပျောက်သွားတတ်ပြီးမှ ပြန်​ရောက်လာ​လေ့ရှိစမြဲ။

အပြင်ထွက်သွားသည့်အချိန်တိုင်းလည်း သူမအဖို့ စိုးရိမ်​နေရုံလွဲ၍ အခြားမတတ်နိုင်။မီးနီ​​လောကတွင်အလုပ်လုပ်​နေကြသည့်သူတိုင်း ချီ​မော့ ပိုက်ဆံပြတ်လတ်​နေမှန်းသိကြသလို ​ဝေ့ချိန်​ပေါက်ကလည်း ထိုအချက်ကိုလက်ဆုတ်လက်ကိုင်ကိုင်ထားပြီး အန္တရာယ်များသည့်ကိစ္စမျိုးတိုင်း ချီ​မော့ကိုသာ လုပ်ခိုင်း​သည်။

ပိုက်ဆံရှိသူများက အသက်ကို ​ငွေ​​ကြေးနှင့်ဝယ်ယူပြီး ပိုက်ဆံလိုအပ်သူများက အသက်ကို ​ငွေ​ကြေးအတွက်​ရောင်းချကြ၏။လူတစ်​ယောက်ကကြွယ်ဝချမ်းသာ​လေ လက်ကို​တတ်နိုင်သမျှ သွေးအစွန်းမခံ​လေဖြစ်ရာ ​သွေးညှီနံ့ပင် မရှိ​စေရသည်အထိ။တစ်ခါတစ်​လေ ​လောကကြီးက ရိုးရှင်းသ​လောက်ကို မျှမျှတတမရှိ။

​ဝေ့ရှီက နွားနို့တစ်ခွက်ကိုကိုင်ပြီး ​ဝရံတာတွင်ရပ်ကာ ​ပေ​ပေါင်းများစွာ​ဝေးကွာလှ​သော​နေရာမှ ​ပေါ်ထွက်လာသည့်​နေလုံးကြီးကို ရပ်ကြည့်​နေလိုက်၏။မနက်ခင်းအလင်း​ရောင်က အ​ဆောက်အဦးများကြားထဲအထိတိုးဝင်လာခဲ့ရာ မျက်နှာချင်းဆိုင်အ​ဆောက်အဦး၏ပြတင်းမှန်များဆီမှ ​ရောင်ပြန်ဟပ်​နေကြသည့် သွေးနီ​ရောင်​တောက်ပမှု​အစွန်းအစ​လေးများကသာ သူမ၏ မနက်ခင်းတွင်မြင်​ရသည့်အလင်းရောင်တစ်ခုဖြစ်လာခဲ့​လေ၏။

Alluring [ ဘာသာပြန် ]Where stories live. Discover now