Chapter 43

148 13 4
                                    

T/N ; "လျှိုအန့်ဟွားမင်~ 柳暗花明" ဆိုတာ....

'လုယို' ဆိုတဲ့သူတစ်​ယောက်ရဲ့ ရှုပ်​ထွေးလှတဲ့နန်းတွင်း​ရေရာ​တွေက​နေ ​ရှောင်ဖယ်နှုတ်ထွက်ပြီး ​မွေးရပ်​မြေပြန်တဲ့လမ်း အ​နောက်ဘက်​တောင်တန်း​ဒေသ​တွေကိုဖြတ်​ကျော်လာတဲ့အချိန် ​ရေးထားခဲ့တဲ့ ကဗျာတစ်ပုဒ်ထဲက ​ကောက်နုတ်ထားတာပါ။
​တောင်တန်း​တောင်ရိပ်​တွေ​ကြောင့် အ​မှောင်ဖုံး​နေရတဲ့ မိုးမခင်တစ်ပင်ကို ​တွေ့လိုက်ပြီး ဒီစာ​ကြောင်း​ကို ရေးသားခဲ့တာပါ။

အဓိပ္ပါယ်က ~ မိုးမခပင်​လေး ​မှောင်မိုက်​နေ​ပေမယ့် ပန်းက​လေး​တွေ ​တောက်ပ​ပေး​​နေတယ်

ဒီစကားစု​လေးကို idiom အဖြစ် ​ခေါတ်အဆက်ဆက်သုံးလာကြပြီး တကယ့်ဆိုလိုချင်တဲ့အဓိပ္ပါယ်က

" အဆိုးဆုံး​တွေ ကုန်ဆုံးသွားပြီးရင် အ​ကောင်းဆုံး​တွေ​ရောက်လာ​တော့မှာ...တစ်​နေ့ကျရင် ဆု​တောင်း​တွေအတိုင်း အ​တောက်ပဆုံးအနာဂါတ်ကို​ထွေး​ပွေ့ခွင့်ရမှာပါ.."

( ဒါက မိုးမခင်ပင်ပါ။ အရွက်ရှည်ရှည်​လေး​တွေ အဝါ​ရောင်သန်းလာတတ်တဲ့အချိန်မျိုးဆို ပန်းပွင့်​နေတာနဲ့တူပါတယ် ၊ ခရမ်း​ရောင်မျိုးစိတ်ရယ် ၊ ချယ်ရီပန်းမျိုးစိတ်နဲ့​​ပေါင်းပြီး ပန်း​ရောင်မိုးမခပန်းလည်းရှိ​သေးတယ်)

~~~~~~~~~

လျှိုအန့်ဟွားမင်

လင်း​လော့ချွမ်က ယခုအချိန်တွင် အလွန်ကိုမှ ယုံကြည်​ပေးချင်စရာ​ကောင်း​နေခဲ့ပြီး ညစာစားပြီး ၈နာရီမထိုးခင်ပင် ​ဝေ့ရှီကို ပြန်ပို့​ပေး​လေသည်။

"ဒီဆိုင်ရဲ့ အစားအ​သောက်​တွေက တစ်​နေ့တစ်ခြား အရသာပျက်လာပြီ...​နောက်တစ်ခါကျရင် ကိုယ်တို့ တခြားဆိုင်သွားစားရ​အောင်.."

​ဝေ့ရှီက ရယ်​မောရင်း လက်ဟန်ဖြင့်

"လမ်းကို ဂရုစိုက်..ကားကိုသတိထားပြီး​မောင်း"

ထို့​နောက် သူမ၏ပစ္စည်းများကိုယူပြီး အ​ပေါ်ထပ်သို့တက်ရန် ပြင်လိုက်၏။

"အာ..ဟုတ်သားပဲ...ကိုယ် ​မေ့​တော့မလို့"

လင်း​လော့ချွမ်က သူမကို လှမ်းဆွဲလိုက်၍

Alluring [ ဘာသာပြန် ]Where stories live. Discover now