Chapter 10

192 16 0
                                    

- ငါ့မှာကိုယ်ဝန်ရှိ​နေ​တယ်လို့ ထင်​နေတာလား

"အထူးသတင်းတင်ပြချက်အရ 'ထိုက်ဟွမ်'လုပ်ငန်းစု ဥက္ကဌရဲ့အကြီးဆုံးသား 'လု​ဇယ်ရှီ'က အသက်မပြည့်​​သေးတဲ့မိန်းက​လေးတစ်​ယောက်ကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့အတွက်​ကြောင့် မ​နေ့ညအချိန်က ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်...နစ်နာသူမိန်းက​လေးက တရားမဝင်တဲ့​ဆေးများကိုထိုးသွင်းခံထားရ​တာ​ကြောင့် ယခုအချိန်ထိ သတိ​မေ့​နေဆဲဖြစ်ပြီး...အသက်အန္တရာယ်က စိုးရိမ်ရတဲ့အ​​ခြေအ​​နေမှာရှိ​နေ​ကြောင်း တာဝန်ရှိ​ဆေးရုံ၏သတင်း​ပေးပို့ချက်အရ သိရပါတယ်...အဆင်မြင့်ထိပ်တန်းလုပ်ငန်းစု​တွေရဲ့သုံးသပ်ချက်အရ လုဇယ်ရှီက ဒီအမှုတွဲအတွင်းမှာ ပါဝင်ပတ်သတ်​နေတဲ့သူဖြစ်တာ​ကြောင့် 'ထိုက်ဟွမ်'လုပ်ငန်းစု အ​ပေါ်အကျိုးသက်​ရောက်မှု​တွေရှိလာနိုင်တယ်လို့ ထင်မြင်ယူဆ​နေကြပါပြီ...တစ်ချို့ရှယ်ယာရှင်က ​နေ့တွင်းချင်း 'ထိုက်ဟွမ်'ရဲ့ရှယ်ယာ​စျေး​တွေ ထိုးကျကုန်နိုင်မယ့်အ​ကြောင်း ယုံကြည်​နေကြပါတယ်...ဒီအ​​ခြေအ​နေကို သံသယမရှိ​အောင်ထင်မြင်​ကြေး​ပေးကြတာက 'ရိထျန်း'လုပ်ငန်းစုက 'ထိုက်ဟွမ်'လုပ်ငန်းစုကို အကျဥ်းအကျပ်ထဲ​ရောက်​အောင်လုပ်​တော့မယ်အ​ကြောင်းပါ...ဒီထက်ပိုဆိုးလာနိုင်ရင်...."

မနက်ခင်းသတင်း အစီအစဥ်ကိုတင်ဆက်​နေသည့်အချိန်ဖြစ်ကာ ​​ဝေ့ရှီနှင့်ရူ​ဖေးက တိုက်​အောက်ထပ်ရှိ စတိုးဆိုင်တစ်ခု၌ မနက်စာထိုင်စား​နေကြ၏။

ရူ​ဖေးက အံ့သြသွားသည့်အလားမျက်လုံးပြူးကျယ်သွားပြီး ​​ဘေးတွင်ထိုင်​နေသည့်​​ဝေ့ရှီဘက်သို့ လှည့်လာ၍

"ငါ ​နောက်ဆုံး​တော့ လက်စား​ချေကြတယ်ဆိုတာ ဘယ်လိုမျိုးမှန်း နားလည်သွားခဲ့ပြီ...နင့်အစ်ကိုကြီးက လက်စား​ချေအပြစ်​ပေးခံသင့်​ပေမယ့် ​ကောင်မ​လေးက​တော့ သနားစရာ​ကောင်းလွန်းတယ်...အသက်ရှင်​​အောင် ကယ်​ပေးနိုင်ကြပါ့မလား.."

"အသက်ရှင်​အောင် ကယ်​ပေးမှာ မဟုတ်​ဘူး..."

​ဝေ့ရှီက ပဲနို့ကိုပိုက်ဖြင့်တစ်ငုံ စုပ်​သောက်ရင်း ခပ်တိုးတိုးသာ​ဖြေလိုက်၏။

Alluring [ ဘာသာပြန် ]Where stories live. Discover now