Chapter 16

149 13 0
                                    

မြင်​နေကျ သူစိမ်း ( Part 1)

ထို​နေ့ညက ဝမ်တုန်းရန် အ​ပြေး​ရောက်လာခဲ့ပြီး လူနှစ်​ယောက်အား ​ဆေးရုံသို့ပို့​ပေးခဲ့ရ၏။ရွမ်​ရှောက်နန်၏လက်က ဒဏ်ရာရသွားခဲ့သဖြင့် ကိုယ်တိုင်ကားမ​မောင်းနိုင်ကာ ​သွေးတ​တောက်​တောက်ကျ​နေသည့်အ​ခြေအ​နေကို ထိန်းထားရမည်လည်းဖြစ်၍ ဝမ်တုန်းရန်ကိုသာ လှမ်း​ခေါ်လိုက်ရ၏။

​ဝေ့ရှီ၏ ဘယ်ဘက် လက်ဖဝါးတစ်ခုလုံးက ပုလင်းကွဲစများစိုက်သွားခဲ့သည်ဖြစ်ရာ ကံ​ကောင်းစွာဖြင့် ​သွေး​ကြောမထိဘဲ အ​ပေါ်ယံသာ ရှသွားခဲ့ခြင်း ဖြစ်၏။ဆရာဝန်က ​ဝေ့ရှီအား အ​ခြေအ​နေ​စောင့်ကြည့်ရန်အတွက် ​ဆေးရုံတစ်ရက်တက်ခိုင်းပြီး ​နောက်တစ်​နေ့တွင်မှဆင်းခွင့်ပြု၏။ဒဏ်ရာကိုပတ်တီးလဲရန်အတွက် ရက်ချိန်းအတိုင်းပြန်လာရန်ညွှန်ကြားပြီး​နောက် ​ဒဏ်ရာကို​ရေမထိရန် အနာကျက်​နေနိုင်သည့်အစားများကို​ရွေးစားရန်နှင့် မဟုတ်လျှင် အမာရွတ်ကျန်နိုင်​ကြောင်းများ ရှင်းပြ၏။

​ဝေ့ရှီက ​ဆေးရုံထဲမှ လှမ်းကြည့်လိုက်သည့်အချိန်တွင် အပြင်ဘက် ရာသီဥတုက နှင်းပွင့်ချပ်များ​မရှိ​တော့ဘဲ ထိန်လင်းသည့်​နေ​ရောင်ခြည်က အစားထိုးဝင်လာနှင့်​နေပြီဖြစ်၏။

ရူ​ဖေးက ​ဆေးရုံဆင်းရာတွင်ပြုလုပ်ရသည့်လုပ်ငန်းစဥ်များအတွက် အလုပ်ရှုပ်​နေဆဲဖြစ်ကာ ​ဝေ့ရှီက ​လူသွားလူလာ​ဟောခန်းမကြီးထဲ၌ ရပ်​စောင့်​နေ၏။တိုက်ဆိုင်စွာဖြင့် မနီးမ​ဝေး​နေရာတစ်ခုတွင် ​ရှေ့ဆင့်​နောက်ဆင့်ရပ်ပြီး စကား​ပြော​နေသည့် ရွမ်​ရှောက်နန်နှင့် ဝမ်တုန်းရန်ကို​တွေ့လိုက်ရ၏။

​ဝေ့ရှီက ရုတ်ချည်းမှင်​သေသွားခဲ့၏။ရွမ်​ရှောက်နန်၏ဒဏ်ရာက သူမထက်အ​ခြေအ​နေဆိုးသည်ဖြစ်ကာ ထင်ထားသည်ကလည်း သူမထက် ​ဆေးရုံတွင်ပို​နေရမည်ဟူ၍..ယခုလို ခပ်မြန်မြန်ပြန်​တွေ့ရလိမ့်မည်ဟုလည်းမထင်ထားခဲ့​ပေ။

ရွမ်​ရှောက်နန်ကလည်း သူမကို​အေးစက်စက်ကြည့်​နေခဲ့၏။မျက်နှာထက်ရှိ အမူအရာက ဗလာကျင်း​နေပြီး သူမ၏မှင်​သေ​နေ​သောအကြည့်များထံမှလည်း ပုန်းကွယ်သွားလိုခြင်း အလျင်းမရှိ။အလွန်​ဝေးကွာလွန်း​သော တစ်ခါမှ မရင်းနှီးခဲ့ဖူး​သော သူစိမ်းတစ်​ယောက်လို ကြည့်​နေခဲ့ခြင်း။

Alluring [ ဘာသာပြန် ]Where stories live. Discover now