Chapter 45

183 12 0
                                    

ချောင်ယင်း

နှိုးစက်မြည်သံ​ကြောင့် လင်း​လော့ချွမ်တစ်​ယောက် နိုးလာရကာ နာရီကိုကြည့်လိုက်လျှင် မနက် ၈နာရီတိတိရှိပြီဖြစ်သည်။မ​နေ့ညက​ဆွေး​နွေးပွဲတွင် ထိုင်ဝမ်လူမျိုးစီးပွား​ရေးသမားများနှင့် နှစ်ခွက်​​ကျော်​ကျော်​သောက်လိုက်​​သော်ကြောင့် နိုးလာချင်းချင်းပင် ​ခေါင်းထိုးကိုက်​နေသည့်ဒဏ်ကို ချက်ချင်းလက်ငင်းခံစားလိုက်ရသည်။

ပြတင်း​ပေါက်အပြင်ဘက်တွင်ရွာ​နေသည့်မိုးက မ​နေ့ညသန်းခေါင်ယံ အချိန်ကတည်းက ယခုအထိ မဆဲ။နားထင်ကို လက်ဖြင့်နှိပ်ရင်း လှဲ​နေရာမှထထိုင်ကာ ခြုံ​စောင်ကိုလှန်လိုက်၏။

"​ဝေ့ရှီ!.."

လင်း​လော့ချွမ်က သူ၏​စောင်​အောက်ထဲတွင် ပုစွန်​သေး​သေး​လေးလို​ကွေးပြီးအိပ်​နေသည့်သူကို မြင်လိုက်လျှင်မြင်လိုက်ရချင်း တကယ်ကို ​ကြောင်အသွားခဲ့၏။

"ဘယ်အချိန်တည်းက ​ရောက်​နေ​တာလဲ"

သူမ၏မျက်နှာ​ကို အသာအယာဆွဲယူပြီးကြည့်လိုက်ရာ နှစ်နှစ်ခြိုက်ခြိုက်အိပ်​​ပျော်​နေခြင်းဖြစ်ပြီး ​​ဆံပင်နှင့်အဝတ်အစားများအားလုံးရွှဲရွှဲစို​နေခြင်း​ကြောင့် မိုး​မိလာမှန်း တန်းသိလိုက်၏။နီရဲ​နေသည့်ပါးပြင်​ကြောင့် နဖူးကို လက်တင်စမ်းကြည့်လိုက်ရာ အဖျား​ငွေ့နည်းနည်းရှိ​နေသည်။သူမ၏လက်​မောင်းတစ်ဖက်ကို ခပ်ဖွဖွ​လေးမကြည့်လိုက်သည့်အခိုက် တံ​တောင်ဆစ်​ပေါ်တွင်ရှိ​နေသည့် ဒဏ်ရာဒဏ်ချက်များကိုမြင်ပြီး သက်ပြင်းမချဘဲမ​နေနိုင်​တော့၏။

လင်း​လော့ချွမ်က အဝတ်အစားမပါဘဲအိပ်တတ်သည့်အကျင့်ကရှိသူဖြစ်ရာ ယခုလည်း သူ့အိမ်သူ့ရာ သူ့အိပ်ရာ​ပေါ်တွင် အဝတ်မပါဘဲ အိပ်​ပျော်နေသည့်အချိန် ဤ​ကောင်မ​လေးက သူ့အိပ်ရာ​ပေါ်သို့ မ​ပြောမဆိုတက်လာ​လေသည်။ ဘယ်သူက ဘယ်သူ့ကို အသားယူအမြတ်ထုတ်​နေမှန်းမသိ?

အလျင်းသင့်သည့် ညအိတ်​ဘောင်းဘီအနက်​ရောင်တစ်ထည်ကို ဝတ်ပြီး အိပ်ရာ​ပေါ်မှဆင်းကာ ​ဆေး​သေတ္တာကိုယူလာ၍ အနာကပ်ပလာစတာနှင့် အဖျားကျ​ဆေးကို ထုတ်လိုက်သည်။​ဆေးတိုက်​နေသည့်အချိန်အတွင်း အဝတ်အစားများစို​ရွဲ​နေခြင်း​ကြောင့် အချိန်ကြာကြာဝတ်ထားလျှင် ပို၍အဖျားတက်လာမည်စိုးရိမ်ပြီး ရင်ခွင်ထဲ​ပွေ့ထားသည့်သူအား

Alluring [ ဘာသာပြန် ]Where stories live. Discover now