Chapter 59.2

173 15 1
                                    

သုံးနှစ်ကြာပြီး​နောက်

ရွမ်​ရှောက်နန်က 'ရိထျန်း'လုပ်ငန်းစုရုံးချုပ်အ​ဆောက်အဦး၏ အစည်းအ​ဝေးခန်းမထိပ်တွင်ထိုင်​နေကာ ဌာနအသီးသီးမှတင်ပြလာသည့်အချက်အလက်များကို နား​ထောင်​နေသည်။တစ်ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာ​ရေးအရှုပ်အ​ထွေးများပြီးဆုံးပြီး​နောက် ယခုနှစ်၏အကျိုးအမြတ်များက ယခင်နှစ်၏ရလဒ်များနှင့် မခြားမနားသာဖြစ်​နေ​သော​ကြောင့် သူ၏မျက်နှာတစ်ခုလုံး တင်းမာပြီးတည်​နေ​လေသည်။

ဌာန​ပေါင်းစုံရှိအကြီးအကဲများက ရွမ်​ရှောက်နန်၏​အေးစက်တင်းမာ​နေသည့်မျက်နှာကိုကြည့်ပြီး သူတို့ကိုယ်တိုင်လည်း ​​အေးစိမ့်​နေသည့်​ချွေး​စေးများထွက်လာရ၏။တင်ပြ​နေသည့်သူကလည်း တင်းမာလွန်း​နေသည့်အ​ခြေအ​နေကိုရိပ်မိ​နေကာ တင်ပြချက်များက ကတုန်ကယင်ဖြစ်​နေ​တော့၏။

အစည်းအ​ဝေးတစ်ဝက်တွင် ရွမ်​ရှောက်နန်၏ဖုန်းမြည်လာခဲ့၏။လွန်ခဲ့သည့်နှစ်နှစ်မှစပြီး သွား​လေရာတိုင်း အချိန်တိုင်း၌ ရွမ်​ရှောက်နန်က ဖုန်းနှစ်လုံးကို သယ်သွားပြီး တစ်လုံးကိုသာ ၂၄နာရီစလုံးဖွင့်ထားခဲ့ကာ အစည်းအ​ဝေးလုပ်​နေသည့်အချိန်မျိုး၌ပင် မပိတ်ထားခဲ့။ထို့အပြင် ထိုဖုန်းနံပါတ်ကိုသိပြီး ဆက်သွယ်၍ရသည့်သူကလည်း တစ်​​ယောက်တည်းသာရှိ၏။

ရွမ်​ရှောက်နန်က ချက်ချင်း​ကောက်ယူ​ဖြေဆိုလိုက်ပြီး တစ်ဖက်လူအား ညင်ညင်သာသာ​လေး​မေးလိုက်၏။

"နိုး​လာပြီလား?..ထမင်း​ရော စားပြီးပြီလား?.."

တစ်ဖက်က ဖုန်း​ပြောရင်း အခြားတစ်ဖက်က ​ရလဒ်များကိုတင်ပြ​နေသည့်သူအား ခဏရပ်လိုက်ရန် မျက်လုံးဖြင့်အချက်ပြလိုက်၏။

တစ်ခန်းတစ်ခုလုံး အသံတစ်စိုးတစ်စိမျှမထွက်​တော့ဘဲ တိတ်ဆိတ်သွားခဲ့ကာ အ​ကြောင်းမသိ​သေး​သောအသစ်​ရောက်ထားသည့်ဝန်ထမ်းနှစ်ဦးက တစ်ဖက်သို့တိုးကပ်သွားရင်း စီနီယာကျသည့်ဝန်ထမ်းကို လှမ်း​မေးလိုက်၏။

"ဒါက ဘယ်သူ့ရဲ့ဖုန်းမလို့ လူကြီးမင်းရွမ်ရဲ့ အရမ်းအ​လေး​ပေး​နေတာလဲဟင်...စကား​ပြောတာ​တွေကအစ ​ပြောင်းသွားတယ်​နော်.."

Alluring [ ဘာသာပြန် ]Where stories live. Discover now