Chapter 13

163 15 0
                                    

အမျိုးသမီးတစ်​ယောက်၏ အရက်စက်ဆုံး​သော သစ္စာ​ဖောက်ခြင်း

အသက်ရှုမြန်လွန်းသည့်ပြဿနာက ​ကြီးကြီးမားမား​​ရောဂါတစ်ခုမဟုတ်သည့်အတွက် ​ဝေ့ရှီက ​နောက်တစ်​နေ့မနက်ခင်း၌ပင် ​ဆေးရုံဆင်းခွင့်ရခဲ့၏။

​ဆေးရုံဆင်းလာပြီးသည့်အချိန်မှစ ​နောက်ပိုင်း​နေ့ရက်များတစ်​လျှောက် အရာအားလုံးက ယခင်လို​​အေးချမ်းသည့်​နေ့ရက်များလိုသာ ဖြတ်သန်းခဲ့ရ၏။​နောက်ဆုံးစာ​မေးပွဲကြီးနီးကပ်လာသည့်အပြင် အတန်းချိန်နှင့်အချိန်ပိုင်းလုပ်များကြားမှ အားလပ်သည့်အချိန်တိုင်း အတန်း​ဖော်သူငယ်ချင်းနှင့်အတူ ပန်းချီဆွဲရန် ထွက်ထွက်သွား​သေးသည်။နည်းလမ်းမျိုးစုံဖြင့် သူမတွင် အချိန်ပိုမရှိ​စေမိရန် ကြိုးစားကာကွယ်မိ၏။အဘယ်​ကြောင့်ဆို​သော် တစ်ချက်က​လေးမျှ ရပ်တန့်လိုက်ရုံဖြင့် သူမတည်ငြိမ်​အောင်ကြိုးစားထားသည့်အရာအားလုံး ပြိုကျသွား​တော့မည့်ခံစားချက်များက တစ်လုံးတရင်းဝင်လာ​သော​ကြောင့်ပင်။

ဌာနမှ scholarship ကို အတည်ပြု​ပေးပြီး လိုအပ်သည့်ကိုယ်​ရေးကိုယ်တာအချက်အလက်များကို ကြိုတင်ပြင်ဆင်ထား​ပေးရန် အ​ကြောင်းကြားလာခဲ့၏။ဤသတင်းကိုကြားရသည့်အချိန်တွင် ​ဝေ့ရှီအဖို့ မည်သည့်ခံစားချက်မျိုးမှမရှိ။အဘယ်​ကြောင့်ဆို​သော် မည်သည့်အရာကိုမှ ​ပြော​နေစရာလည်းမလို​တော့သလို မည်သည့်အရာကိုမှလည်း​ပြောင်းလဲနိုင်​တော့မည် မဟုတ်​ကြောင်း နားလည်​နေ၍ဖြစ်၏။

ရွမ်​ရှောက်နန်က သူမအား ​ချော့​မော့​နေရသည်ကိုသ​ဘောကျသည့်သူမျိုး။ငယ်ငယ်တုန်းကလို ဝမ်းနည်းပြီးနာကျင်သွားသည့်အခါတိုင်း လက်​ဆောင်ပစ္စည်း​သေး​သေး​လေးများကို ဝယ်​ပေးပြီး​ပျော်လာ​အောင် လုပ်​ပေးလိုခြင်းမျိုး။သို့​သော်လည်း လက်​ဆောင်​လေးများက သူမ၏လက်ခံရရှိပြီး​သောကံကြမ္မာကို ​ပြောင်းလဲသွား​အောင်လုပ်​ပေးရန် မတတ်နိုင်စွမ်း၏။

ရွမ်​ရှောက်နန်က သူမအား လုံးဝမလွှတ်​ပေးနိုင်မည့်အ​ကြောင်း ​ပြောခဲ့​သေး၏။ဟုတ်ပါ၏ ​ပြောထားသည့်စကားအတိုင်း လုပ်တတ်သူဖြစ်ရာ တစ်ဘဝလုံးစာ လွှတ်​ပေး​တော့မည်မဟုတ်​​​ကြောင်းလည်းနားလည်လိုက်၏။

Alluring [ ဘာသာပြန် ]Where stories live. Discover now