Chapter 4

218 13 0
                                    

အလင်း​ရောင်​အောက်ဝင်လာပြီး ဘုရားရှင်၏အဆုံးအမကို နာယူခြင်း

"မင်းတို့အခု မြင်​နေရတဲ့ပန်းချီကားက 'ထန်​ခါ' လို့​ခေါ်တယ်...ထန်​ခေတ်က အဝတ်စ​ပေါ်မှာဆွဲတဲ့ပန်းချီအမျိုးအစား​တွေထဲကတစ်ခု​ပေါ့..ပန်းချီကားထဲမှာပါတာက ​ပျော်ရွှင်ခြင်းနတ်ဘုရားဖြစ်ပြီး အမျိုးသားတစ်​ယောက်နဲ့အမျိုးသမီးတစ်​ယောက်က နတ်ဘုရားရုပ်တုကိုကိုင်ထားတာ​တွေ့လိမ့်မယ်...အမျိုးသားက​တော့ မင်ဘုရင်မင်းမြတ်ဖြစ်ပြီး အမျိုးသမီးက​တော့ မင်မိဖုရားပဲ...အိန္ဒိယနိုင်ငံမှာဆို ဒီ​ပျော်ရွှင်ခြင်းနတ်ဘုရားနဲ့ပတ်သတ်တဲ့ ဒဏ္ဍာရီတစ်ခုရှိခဲ့ဖူးတယ်..."

ပ​ရော်ဖက်ဆာက သူ၏မျက်မှန်ကို ပင့်တင်လိုက်ပြီး ဆက်၍

"ဒဏ္ဍာရီအရဆိုရင် ဗြာဟ္မဏပုဏ္ဏား​တွေကို​ကိုးကွယ်တဲ့ဘုရင်တစ်ပါးက ဗုဒ္ဓဘာသာကိုးကွယ်တဲ့ရဟန်းနဲ့လူ​တွေကို ရက်ရက်စက်စက်မျိုးတုန်းသတ်ဖြတ်ခဲ့တာ​ပေါ့ကွာ...​မိန်းမလှ​လေး​တွေကို သူ့လက်​အောက်ကိုသိမ်းသွင်းပြီး ဘုရားရှင်ကိုလည်းဒုက္ခ​ရောက်​အောင်လုပ်ခဲ့တယ်​...​နောက်ဆုံး မိန်းမလှ​လေးရဲ့အ​ပြော​အောက်မှာ ဘုရင်ကြီးရှုံးနိမ့်သွား​တော့ ဗုဒ္ဓဘာသာထဲတွင်ပြီး ဘုရားရှင်ကိုယုံကြည်ပြီးကိုးကွယ်ခဲ့တယ်..​နောက်​တော့ တရား​ပေါက်သွားပြီး​တော့ နတ်ဖြစ်သွားတာ​ပေါ့ကွာ..."

တစ်​စုံတစ်​ယောက်၏အသံထွက်လာ၏။

"ဒါက ချွမ်နန်း​တော်ထဲက ပုံမှန်ပန်းချီမျိုးပဲမဟုတ်ဘူးလား..."

စာသင်ခန်းတစ်ခုလုံးရယ်​မောသံများပြည့်သွားခဲ့သဖြင့် အ​သေအချာ​လေးအနီးကပ်အာရုံစိုက်ကြည့်လိုက်​၏။

'ထန်ခါ'ပန်းချီကား​ပေါ်တွင် အမျိုးသားနှင့်အမျိုးသမီးက ​ပွေ့ဖက်၍ထိုင်​နေကြသည်ဖြစ်ကာ အမျိုးသား၏ခန္ဓာကိုယ်က အမျိုးသမီး၏ခန္ဓာကိုယ်ထက် နှစ်ဆနီးပါးမျှကြီးမား​နေ၏။အမျိုးသမီး၏ခါးကို ​တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားကာ ထိုအမျိုးသမီး၏​ခြေ​ထောက်များက အမျိုးသား၏ခါးတစ်ဝိုက်တင် ပတ်ထား​လေ၏။ဤအ​​နေအထားက တစ်ခုခုကို​လေ့ကျင့်​နေသည်နှင့်မတူ ​ယောက်ျားနှင့်မိန်းမကြားရှိဖြစ်တတ်​သော သ​ဘောသဘာဝနှင့်ပို၍တူ​နေ​လေ၏။

Alluring [ ဘာသာပြန် ]Opowieści tętniące życiem. Odkryj je teraz