Prologue

754 29 0
                                    

အခန်းအတွင်းဖွင့်ထားသည့် ​လေ​အေး​ပေးစက်၏အရှိန်က အား​ကောင်းလွန်းသဖြင့် ​ဝေ့ရှီတစ်​ယောက် ချမ်းစိမ့်စိမ့်ဖြစ်လာသည်အထိ ခံစား​နေရ၏။

မ​နေ့ညက ​ကောင်း​ကောင်းအိပ်မ​ပျော်ခဲ့လို့လည်းဖြစ်နိုင်သလို ​အေးစက်​နေပြီးဖြစ်သည့်ဆက်ဆံ​ရေး​ကြောင့်လည်း ဖြစ်နိုင်ကာ ​ဝေ့ရှီ၏နှုတ်ခမ်းပါးတစ်ခုက အ​အေးဒဏ်​ကြောင့်ပြာ​နေပြီဖြစ်သည်။မည်းနက်​နေသည့်မျက်ဝန်းတစ်စုံက အ​ရှေ့တွင်ချထားသည့် ​ရေလိုကြည်လင်​နေသည့်သလင်း​ကျောက်​ရောင်စားပွဲကို စိုက်ကြည့်​နေမိပြီး စားပွဲ​​ပေါ်ရှိကောင်မ​လေးကလည်း သူမကိုအလားတူပြန်စိုက်ကြည့်​နေ၏။ထို​သွေး​ရောင်လွှမ်း​နေသည့် မျက်ဝန်းတစ်စုံက သူမအား ​မေ့မသွားရန် အကြိမ်ကြိမ် သတိ​ပေး​နေသည့်အလား 'ကမ်းပါးအစွန်းတွင်​ရောက်​နေသည့် သမင်တစ်​ကောင်နှယ်'

အဘယ်​ကြောင့်ဆို​သော် မည်သည့်လွတ်​​မြောက်ရာလမ်းဟူ၍မရှိ။အရှက်တရားများကြားက စိတ်ပျက်အားငယ်ခြင်းများသာရှိ၏။

မျက်နှာကျက်မှကြမ်းပြင်အထိမြင့်သည့် မှန်သားပြတင်း​​ပေါက်၏ အပြင်ဘက်တွင် ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းလာသဖြင့် ​ဖောက်မြင်နိုင်သည့်မှန်သားပြတင်း​ပေါက်အကြည်​ပေါ်တွင် မိုး​ရေစက်များက တစ်စက်ပြီးတစ်စက်လာ​ရောက် ရိုက်​ခတ်နေ၏။​ခေါင်းကိုတစ်ဖက်​စောင်းလိုက်ပြီး အပြင်ဘက်ရှိ မည်း​မှောင်​နေသည့်​ကောင်းကင်ကြီးအား ဗလာကျင်းစွာ​ငေးကြည့်​နေ၏။ဤ ၂၈လွှာမြင့်သည့်အ​ဆောက်အဦးက အ​တော်​လေးကိုမြင့်မားပြီး ခဲ​ရောင်တိမ်တိုက်များကိုပါ ထိရလုနီးနီး။​ကောင်းကင်ကြီးက ကြီးမားသည့်ပန်းကန်ပြားတစ်ချပ်နှင့်တူပြီး တိမ်တိုက်များက အစိတ်စိတ်အမြွှာမြွှာကွဲထွက်ကာ သူမဆီသို့​ပြေးဝင်​နေသည့်အလား။

​ကောင်းကင်၏အလင်း​ရောင်က ​မှောင်မိုက်ကာမှုန်ရီမှုန်ဝါး...

​ဝေ့ရှီ၏အ​တွေးများထဲတွင် ဤ​​နေ့သည်ကား ဘယ်​တော့အခါမှ​မေ့သွားခဲ့မည်မဟုတ်သည့်​နေ့တစ်​နေ့ဖြစ်သည်။

​အောက်တိုဘာလ ၂၅ရက်​နေ့က သူမအသက် ၂၁နှစ်ပြည့်သည့်​နေ့ဖြစ်ကာ ​ပျော်ရွှင်စရာ​ကောင်းလွန်းသည့်​မွေး​နေ့ ဖြစ်​နေခဲ့သင့်သည်။

Alluring [ ဘာသာပြန် ]Where stories live. Discover now