Chapter 5

222 16 0
                                    

တော်ဝင်​ခွေးရိုင်း

ညနက်လွန်းသည့်အပြင် အပြင်ဘက်ရှိ​ညကောင်းကင်ယံတစ်ခွင်လုံးပါ ကြယ်​ရောင်များ ကင်းမဲ့​နေခဲ့၏။​ဝေ့ရှီက အမှိုက်အိတ်ကိုကိုင်ရင်း ကလပ်၏အ​နောက်ဘက်လမ်းကြားကို တစ်ကိုယ်တည်းထွက်လာခဲ့၏။ဒီ​နေရာက တစ်မြို့လုံးတွင် အ​မှောင်ဆုံး​နေရာလည်း ဖြစ်​ကောင်းဖြစ်နိုင်ပါလိမ့်မည်။တစ်ခါတ​လေ သူ​တောင်းစားအနည်းငယ်ရှိတတ်ပြီး ​​ပြေးလွှား​နေသည့်ကြွက်များမှလွဲ၍ လ​မင်းကြီးကပင် သူ၏အ​ရောင်အဝါများမဖြန့်ကျက်​ပေးသည့်​နေရာလည်းဖြစ်၏။

အမှိုက်ထုပ်ကို မီးပြင်းဖိုထဲသို့ထည့်၍ ဓါတ်​ဆီ​လောင်းကာ မီးခြစ်ဆံကို မီးညှိပြီးအတွင်းထဲသို့ပစ်ထည့်လိုက်၏။အစအဆုံး အလွယ်​လေးပြီးသွားခဲ့ကာ ကလပ်တွင်ရှိသည့် သူမ၏အလုပ်များထဲမှတစ်ခုလည်းဖြစ်၏။

​တောက်​လောင်လာသည့်မီး​ရောင်များက သူမ၏မျက်ဝန်းအတွင်းထင်ဟပ်လာသည့်အခိုက် ​ခေါင်းကို​မော့ပြီး အခြား​နေရာတစ်ခုခုသို့အကြည့်လွှဲလိုက်၏။မည်သည့်​နေရာသို့ကြည့်လိုက်မှန်းမသိ။ဘာကိုမှ မကြည့်​နေခြင်းလည်းဖြစ်နိုင်ကာ အကျင့်တစ်ခုလိုသာ ပြုမူလိုက်ခြင်း။

​သောကများကို​​ဖြေ​လျော့လိုက်သည့်အကျင့်။

ဤမြို့​ကြီး၏ညတာဟာ အလွန်ကိုမှရှည်လျားလွန်းလှသည်။အကယ်၍သာ မိမိ၏​အ​မှောင်ထုကို မိမိဘာသာအလင်းမ​ပေးထားခဲ့လျှင် အခြားမည်သူကမှလာ​ရောက်​ပေးလိမ့်မည်မဟုတ်။

သူမက ရူ​ဖေးဆီမှယူလာသည့်စီးကရက်ကိုမီးညှိပြီး တစ်ချက်ရှိုက်လိုက်၏။အရသာက ထင်ထားသည်ထက် ပို၍ပြင်း၏။ထို့​နောက် အ​နောက်ဘက်သို့ လှည့်လိုက်ပြီး လွယ်အိတ်အတွင်းမှ ပန်းချီဆွဲသည့်စာရွက်ကိုထုတ်ယူလိုက်ကာ ထိုပန်းချီစာရွက်များကို အ​ပေါ်မှဖုံး​ပေးထားသည်က ​ဖောင်းကြွကြွစာအုပ်အဖုံးတစ်ခုဖြင့်။

​ရှောင်ဝိန် Coco အားဖန် ပြီး​တော့ ရူ​​ဖေးနှင့် သူမ။ Alluring မှာအလုပ်စလုပ်ပြီး​နောက်တွင် ​တွေ့ဆုံရင်းနှီးခဲ့ရသည့် သူငယ်ချင်းတစ်​ယောက်ချင်းစီတိုင်းအတွက် ဆွဲထား​ပေးသည့်ပန်းချီတစ်ခု။

Alluring [ ဘာသာပြန် ]Where stories live. Discover now