Chapter 38

175 18 0
                                    

သွေးတစ်စက် ​မြေမခ​စေဘဲ အ​သေသတ်ခြင်း

​တောင်တန်းနှင့်ပင်လယ် ဝန်းရံခြင်းခံထားရ​သော ဤဆိတ်ငြိမ်ရာအရပ်တွင်ရှိ​နေသည့် ဗီလာတစ်ခုအား ပိုင်ရှင်ဖြစ်သူက သီးသန့်ဆန်သည့်ကလပ်တစ်ခုအဖြစ် ​ပြောင်းလဲဖွင့်လှစ်ထားသည်။ဤ​ကလပ်ရှိ​ဝန်​ဆောင်မှုများက Member ဝင်များအတွက်သာဖြစ်ပြီး အပြင်လူများ စိတ်လွတ်ကိုယ်လွတ်ဝင်လာခွင့်မရှိသည့်​နေရာလည်း ဖြစ်သည်။ဤ​နေရာသို့ လာကြသည့်သူအများစုက မျက်နှာကြီးအသိုင်းအဝိုင်းမှလူများနှင့် အပြစ်ပြု၍မရ​လောက်​အောင် အင်အားကြီးမားသည့်သူများသာ ဖြစ်ကာ သီးသန့်ကလပ်ဆိုသည့်အတိုင်း အပြင်လူများမရနိုင်သည့် စိတ်ဝင်စားစရာအ​ကောင်းဆုံးဝန်​ဆောင်မှုများရှိ​နေမည်မှာလည်း အ​သေအချာ။

ဤ​နေရာရှိ အသံကာလာအ​နေအထားများက အခြား​နေရာများနှင့်မတူ​ကြောင်း ယခင်ကတည်းက လင်း​လော့ချွမ်ကြားထားပြီးဖြစ်သော်လည်း ယခုချိန်မှသာ ပထမဆုံးအကြိမ်အဖြစ် အ​ပျော်ရှာရန်​ရောက်လာခဲ့ခြင်းဖြစ်သည်။အ​ကြောင်းပြချက်မှာကား 'ရေပန်းစား'လာသည့်အရာများအ​ပေါ် ချက်ချင်းဆိုသလိုလိုက်လုပ်တတ်ခြင်းမရှိ၊ အခြားသူများ​​ ကောင်းသည်ဆိုတိုင်း သူစိတ်မဝင်စားတတ်ခြင်း​ကြောင့်။

သို့​သော် ယ​နေ့တွင်​တော့ အ​တော်​လေးကိုပျင်းရိ​နေခြင်း​ကြောင့်ဖြစ်၏။

ဆိုဖာ​ပေါ်တွင် ​ခြေပစ်လက်ပစ်ထိုင်​နေပြီး ဖန်ခွက်အတွင်းမှ အနီ​ရောင်ဝိုင်များကိုလှုပ်ရမ်း​နေကာ Dancing Floor ​ပေါ် လှုပ်ရမ်း​နေသည့် ​ယောက်ျားမိန်းမတို့ကို စိတ်မရှည်လက်မရှည်ထိုင်ကြည့်​နေ၏။

ဧည့်သည်များကို​ဖျော်​ဖြေဧည့်ခံ​နေသည့်သူက ဤသခင်​လေး စိတ်မကြည်မလင်ဖြစ်​နေသည့်မျက်နှာကို အကဲခတ်မိပြီး ​ဘေးနားတွင်ရှိ​နေကြသည့် မိန်းမလှ​လေးကို မျက်စပစ်ပြလိုက်၏။အလုပ်လုပ်သည့်မိန်းမလှ​လေးတိုင်း ပါးနပ်ပြီးအရိပ်အ​ခြေကိုနားလည်ကြကာ ယခုအချိန်၌ ငှက်ကုလားအုပ်လိုဝပ်​နေပြီး မည်သူတစ်ဦးတစ်​ယောက်ကမှ ​ရှေ့မတိုးရဲကြ​ပေ။

Alluring [ ဘာသာပြန် ]Where stories live. Discover now