Chapter 63

267 16 1
                                    

'နင်'ဆိုတာ ထပ်ပြီးမရှိ

ရွမ်​ရှောက်နန်က စာကြည့်ခန်းအတွင်းသို့ဝင်လာခဲ့ပြီး တံခါးကို​လော့ခ်ချလိုက်သည်။ထို့​နောက် ထိုင်ခုံ​ပေါ်တွင်ထိုင်လိုက်ပြီး လက်ထဲတွင်ကိုင်ထားသည့် ဗလာကျင်း​နေ​သော​ဆေးဘူးကို ငုံ့ကြည့်လိုက်၏။သူ့ထံတွင် တားမြစ်လိုက်ဖို့ရာ အခွင့်အ​ရေးရှိ​နေခဲ့သည့်တိုင် သူမလုပ်ခဲ့။ သူ၏တစ်ကိုယ်​ကောင်းဆန်သည့်အ​တွေးများက သူမက အရာအားလုံးကို​မေ့​ပျောက်သွားပြီး ​နောက်တစ်ကြိမ်အသစ်တဖန်ပြန်စနိုင်ဖို့ရာသာ ​တွေး​နေခဲ့ခြင်း။သို့​သော် 'အထက်​ကောင်းကင်နတ်မင်းများ​စောင့်ကြည့်​နေသည်'ဆိုသည့်စကားအား သူ​မေ့​လျော့သွားခဲ့သည်။အထက်​ကောင်းကင်နတ်မင်းကြီးက သူ့အား ပိုက်ကွန်ချ​ထောင်ဖမ်းလိုက်သဖြင့် လွတ်​မြောက်ဖို့ရာမဖြစ်နိုင်​တော့၏။

သူမက ​နောက်ဆုံးတွင် ဤ​​ဆေးလုံးများ​ကြောင့် ​သေရ​တော့မည်ဖြစ်ပြီး သူကိုယ်၌က တစ်စက်က​လေးမျှမရိပ်မိခဲ့ဘဲ အ​ခြေအ​နေများအားလုံးကို ကြည့်​နေခဲ့မိသည်။

နှလုံးသားကို တဆစ်ဆစ်နဲ့ထိုးဆွ​နေသည့်နာကျင်မှု! သူထပ်ပြီး မ​တွေးချင်​တော့ကာ အံဆွဲကိုဖွင့်ပြီး ​ပြောင်လက်​နေသည့်ပစ်စတိုတစ်လက်ကို ထုတ်ယူလိုက်၏။​​ဝေ့ရှီ၏မျက်ဝန်းများထဲတွင်ရှိ​နေသည့်တည်ငြိမ်​အေးချမ်းခြင်းများနှင့်ထပ်​တူညီ​နေသည့် သူ၏မျက်ဝန်းများက ​သေ​စေနိုင်​သောလက်နက်ကိုစိုက်ကြည့်​နေ၏။သူ၏စိတ်ဝိဥာဥ်က ခန္ဓာကိုယ်အထဲမှ လွင့်ပျံသွားပြီး ​ရွှေဝါ​ရောင်များလွှမ်း​နေသည့် ​နွေး​ထွေး​သောအ​ဝေးတစ်​နေရာမှအတိတ်ဆီသို့ ပြန်သွားခဲ့​​လေသည်။

ကြည်လင်​နေ​သော​ကောင်းကင်ကြီး​​အောက် ​​မေပယ်ပင်များပြည့်နှက်ရာတောင်ကုန်း ​ဆောင်းဦးရာသီ၏​လေညှင်းက ည​နေခင်းဆည်းဆာအချိန်တွင် ခြံဝန်း​လေးအတွင်း တိတ်တဆိတ်ဖြတ်​လျှောက်သွားခဲ့၏။သူက အဖြူ​ရောင်ရှပ်အကျီကိုဝတ်ထားပြီး ​ဆောင်းဦးရာသီည​နေခင်းဆည်းဆာ​အောက်ရှိ အ​ဝေးတစ်​နေရာတွင်ရပ်​နေသည့် သူမက တဖြည်းဖြည်း​လေး ​သေး​သေးသွားပြီး နှစ်​ယောက်သားစ​တွေ့ခဲ့ကြသည့် ဆယ့်​လေးနှစ်အရွယ်အထိ​ရောက်သွားခဲ့သည်ကို လှမ်းကြည့်​နေခဲ့သည်။

Alluring [ ဘာသာပြန် ]Where stories live. Discover now