Chapter 52

212 17 4
                                    

အရာအားလုံးကို အနိုင်ရလိုက်​ပေမယ့် ​ကမ္ဘာကြီးတစ်ခုလုံးကို ဆုံးရှုံးလိုက်ရတယ်

ချီ​မော့၏ဒဏ်ရာများက အမြန်ဆုံးသက်သာလာခဲ့၏။ရူ​ဖေးက သူ၏ပုံစံကို ကြည့်ပြီး မကြာခဏစ​နောက်လာတတ်​သေးသည်။

​ဝေ့ရှီက ​အတန်းတက်ရသည့်အချိန်များ၌ စကား​မ​ပြောနိုင်သည့်အပြင် နဂိုကတည်းက သူငယ်ချင်းနည်းနည်းသာရှိသည့်အတွက် ယခင်ကထက်ပို၍ တိတ်ဆိတ်လာခဲ့သည်။ကျိုး​​ရှောင်ဖန်က နိုင်ငံခြားပညာ​​တော်သင်သွားဖို့ရာပြင်ဆင်​နေရပြီဖြစ်သဖြင့် သူမအဖို့ တစ်ကိုယ်တည်း​နေရဖို့သာ အ​ကြောင်းဖန်လာ​တော့သည်။

သို့​သော် ယခုအချိန်မျိုးတွင် သူမ​မျှော်လင့်မိသည်ကလည်း ယခုလိုတိတ်ဆိတ်ငြိမ်သက်ခြင်းမျိုးကိုသာဖြစ်ပါ၏။ချီ​မော့အား ​ဆေးရုံတွင် ​စောင့်​ရှောက်​ပေးရသည့်အချိန်မှလွဲ၍ ကျန်သည့်အချိန်များ၌ ပန်းချီ​ဆွဲ၍သာ ကုန်ဆုံး​နေလိုက်သည်။

လင်း​လော့ချွမ်ဘက်မှလည်း ထပ်၍လာရှာခြင်းမျိုး မရှိ​တော့​ပေ။ဖြစ်နိုင်သည်က သူမ၏တည်ရှိ​နေမှုကို လုံးလုံးလျားလျား​မေ့​ပျောက်သွားပုံလည်း ရပါ၏။ဘယ်လိုပင်ဖြစ်​နေပါ​စေ ဤ​လောကကြီးက အ​ရောင်စုံပြီး လည်ပတ်​နေဆဲ။သူ၏သ​ဘောကျနှစ်သက်ခြင်းကိုခံယူလိုသည့် မိန်းမလှ​လေးများစွာ အသင့်​စောင့်​နေခဲ့ပြီး သူမဆိုသည်မှာ ပန်းက​လေးများကြားထဲမှ မပြည့်မစုံတည်ရှိ​နေခဲ့သည့်သူတစ်​ယောက်သာဖြစ်၏။​မေ့သွားခဲ့လျှင်လည်း ဘာမှထူးခြား​နေခဲ့မည့်အရာတစ်ခုပင် မဟုတ်လား။

ထိုလူတစ်စုနှင့် ​ဝေး​ဝေး​နေလာသည်နှင့်အမျှ နှလုံးသား​လေးလည်း တဖြည်းဖြည်းတည်ငြိမ်လာခဲ့သည်။သူမတွင် အချိန်ပိုလည်းမရှိ​နေခဲ့သလို က​လေးဆန်သည့်မိန်းမသားခံစားချက်များကြားနစ်မွန်း​နေဖို့ရာ မတတ်နိုင်စွမ်းကာ ​ဆောင်းဦးရာသီ​ရောက်လာသည်နှင့်အမျှ ဘွဲ့ယူဖို့ရာနီးကပ်လာပြီး စက္ကန့်တိုင်းနီးပါး ​ကျောင်းစာ​ပေါ်တွင်သာအာရုံစိုက်​နေရ၏။

ချီ​မော့​ပြောခဲ့ဖူးသည်က အသက်ရှင်နိုင်​အောင်ကြိုးစား​နေနိုင်ခြင်းဟာလည်း ​အောင်မြင်မှုများထဲမှ တစ်ခုဟူ၍။

Alluring [ ဘာသာပြန် ]Dove le storie prendono vita. Scoprilo ora