Chapter 1

385 24 0
                                    

အန္တရာယ်ချဥ်းကပ်လာခြင်း

ကားက လမ်းမကြီး​ပေါ်တွင်ဖြစ်သည်။

​ဝေ့ရှီက ကားပြတင်းမှန်မှတဆင့် လမ်းမ​ပေါ်တွင်ရှိ​နေသည့် ​ရောင်စုံမီး​ရောင်များနှင့်လျင်လျင်မြန်မြန်လှုပ်ရှား​နေ​သောပုံရိပ်များကို ​ငေးကြည့်​​နေခဲ့၏။ရွမ်​ရှောက်နန်က သူ၏laptop တစ်လုံးနှင့်အလုပ်ရှုပ်​နေကာ အခြား​အောင်မြင်​နေသည့်သူများအတိုင်း အလုပ်ထဲတွင်သာစိတ်​ရောက်​နေပြီး အခြားသူများနှင့်​ရော​ရော​ထွေး​ထွေးမ​နေ။

​ဝေ့ရှီက တစ်ချက်လှမ်းကြည့်လိုက်၏။Laptop ​​ပေါ်တွင် ​ပြေးလွှား​နေသည့်လက်​ချောင်းများက ​သေးသွယ်​ပြေပြစ်ပြီး အင်အားကြီးမား​ကြောင်း​ဖော်ပြ​နေသ​ယောင်​ယောင်။ထိုလက်​တစ်စုံက ​မှောက်သွန်ခုံပစ်လုပ်နိုင်သည့် စွမ်းအားမျိုးရှိ​နေ​ကြောင်း မငြင်းဆန်နိုင်ဘဲ လက်ခံရလိမ့်မည်။ဥပမာ စီးပွား​ရေးပင်လယ်ကြီးအား အ​ပေါ်​အောက်သွန်​မှောက်ပစ်ခြင်း ရှယ်ယာ​စျေးကွက်ကို ​ပြောင်းပြန်လှန်ပစ်ခြင်း။​နောက်ထပ် ဥပမာမျိုးထပ်​ပေးရလျှင် သိန်း​သောင်းချီချမ်းသာသည့်မိသားစုများကို ခြယ်လှယ်ခြင်းမျိုး သူမကဲ့သို့သာမာန်မိန်းက​​လေးတစ်​ယောက်၏ကံကြမ္မာကို ဆုတ်ကိုင်ထားခြင်းမျိုး။

ကားက တ​ဖြေး​ဖြေးနှင့် မြို့၏အတွင်းဘက်အကျဆုံး ဆိတ်ငြိမ်ရာအရပ်ဆီသို့ ​မောင်းဝင်လာခဲ့သည်နှင့် ဘေးဘက်တွင်မြင်​နေရသည့်အရာအားလုံးက တန်ဖိုးကြီးအလှဆင်ထားသည့်အရာများသာဖြစ်လာ၏။

ထို​ယောက်ျားက သူ၏laptop ကို ​ဘေးသို့ချထားလိုက်ပြီး ​​ဘေးတွင်ထိုင်​​​နေသည့်​ကောင်မ​လေးဆီသို့ လှည့်ကြည့်လာ၏။​ဝေ့ရှီက ပြတင်း​ပေါက်အပြင်ဘက်ကိုသာ ​​ငေးကြည့်​နေဆဲဖြစ်ပြီး သူမ၏အကြည့်များက တစ်​နေရာထဲတွင်သာပုံ​သေ​နေခဲ့ခြင်းဖြစ်၏။

​ဝေ့ရှီအ​နေဖြင့် ထို​ယောက်ျား၏ဘဝအ​ကြောင်းကို တစ်ခုတစ်​လေ​​လေးမျှမသိ သူဖြစ်​​နေပါသည်ဆိုသည့်အချက်တစ်ခုတည်းသိ၏။သို့​သော် ယ​နေ့ညတွင် မိန်းက​လေးတစ်​ယောက်၏ဘဝတွင်တန်ဖိုးထားရ​လောက်​အောင် သတိရ​နေ​တော့မည့်အမှတ်တရကို ထိုအမျိုးသားအား​ ပေးပါ​တော့မည်။

Alluring [ ဘာသာပြန် ]Where stories live. Discover now