Chapter 2

274 17 0
                                    

သခင်​လေးလင်း ဒီ​နေရာကို ရှင်းလင်း​ပေးဖို့လို​သေးလား

Alluring ဆိုတဲ့ကလပ်ဟာ အာရှမှာဆိုရင် "​ရွှေ​ရောင်လိုဏ်ဂူ" လို့နာမည်ကြီးတဲ့​နေရာတစ်ခု။အထက်တန်းစားဆန်တဲ့အပြင်အဆင်​တွေ အဆင့်အတန်းမြင့်တဲ့အရည်အ​သွေး​တွေ​ကြောင့် ပြည်ပ​တွေအထိပါ "ပန်း​ရောင်​လေးများစု​ဝေးရာစစ်တပ်" လို့ လှလှပပ ​ခေါ်​ဝေါ်ပြီး အဆင့်သတ်မှတ်ထားပါ​သေး၏။

ဤ​နေရာတွင် တည်ရှိ​နေသည့်အပြုအမူကိစ္စရပ်အားလုံးက ဤ​နေရာတွင်သာ လျှို့ဝှက်ချက်တစ်ခုအ​နေဖြင့်သာရှိ​နေမည်ဖြစ်သည်။အခြား​သော အဆင့်အတန်းမြင့်သည့်ကလပ်များကဲ့သို့ လိုက်နာရမည့်စည်းကမ်းချက်များလည်း ရှိ​နေမည်ဖြစ်ကာ အတွင်းထဲတွင် မည်သို့ ခြစားပြီးပျက်စီး​နေပါ​စေ အ​ပေါ်ယံမျက်နှာပြင်တွင် တည်ငြိမ်​​အောင် ဟန်​​ဆောင်​ထား​ပေးမည်ဖြစ်သည်။အပြင်ဘက်ကမ္ဘာကြီးအား မည်သည့်အပြစ်အဆာမျိုးကိုမှ ရှာ​ဖွေတွေ့ရှိခွင့်​ပေးလိုက်မည်မဟုတ်။

အခြားပုံစံဖြင့်ဆိုရလျှင် သူ​ဌေး​ဝေ့ချိန်​ပေါက်၏အုပ်ချုပ်မှု​အောက်တွင်ရှိ​နေ​သော Alluring က ဤနယ်ပယ်တွင်ရှိသည့်အခြား​သော​နေရာများ၏ အထက် ပထမဦးဆုံး​နေရာတွင်ရှိ​နေသည်ဟု သံသယကင်းကင်းယုံကြည်ရလိမ့်မည်။

ဤ​နေရာမျိုးတွင် ဖြစ်ပျက်သွား​သောဇာတ်လမ်းဆိုသည်မှာ မနည်း။သို့​သော် ဇာတ်လမ်းများအားလုံးကို လျှို့ဝှက်​ပေးထားပြီး ရှိရှိသမျှ​သောပါးစပ်​ပေါက်တိုင်းက ချုပ်ခံထားရသည့်အလား ပိတ်ထားပြီးဖြစ်သည်။လိုက်ကာ၏​နောက်ကွယ်က ဇာတ်လမ်းများ ကြမ်းပြင်​ပေါ်တွင်ဖြစ်သွားသည့် အညစ်ပတ်ဆုံး​သောကိစ္စများ အရှက်မဲ့ဆုံး​သော စက်ဆုပ်စရာ​အကောင်းဆုံး​သော ရက်စက်ဆုံး​သော မ​ကျေနပ်ချက်ဇာတ်လမ်းများက အ​ပျော်အပျက်သ​ဘောမျိုးဖြင့်သာ ​လေထဲတွင်ဝိုးတိုးဝါးတား​ပျောက်ကွယ်သွားရစမြဲ။

အဲ့​ဒီနေ့ညသည် ​မော့ရူ​ဖေး လု​ဝေ့ရှီ ဆိုသည့်ပိုး​ကောင်​လေးနှစ်​ကောင်၏ ဤစည်းကမ်းချက်များ​အောက်ကျ​ရောက်သွားသည့်​နေ့ဖြစ်ပြီး ​သွေး​ရောင်လွှမ်းသည့်ညနက်ထဲသို့ ဝင်​ရောက်သွားခဲ့ပြီဖြစ်သည်။

Alluring [ ဘာသာပြန် ]Where stories live. Discover now