Chapter 51

169 15 2
                                    

လော့ချွမ် နှုတ်ဆက်ခဲ့ပါတယ်

​နောက်တစ်​နေ့မနက် လင်း​လော့ချွမ်နိုးလာသည့်အချိန်တွင် အိပ်ရာ​ဘေး၌ တစ်စုံတစ်​ယောက်၏အ​ငွေ့အသက်များနှင့်အတူ စာအပြည့်​ရေးထားသည့်စာရွက်တစ်ရွက်သာ ရှိ​နေ​တော့သည်။

လှလှပပ​ရေးထားသည့်စကားလုံးများက ရှုပ်ယှက်ခတ်​နေသ​ယောင်ကိုကြည့်ခြင်းအားဖြင့် ဤစာကို​ရေး​နေသည့်အချိန်၌ လက်​ရေးလက်သားပိုင်ရှင်က ဘယ်အတိုင်းအတာထိစိတ်ရှုပ်​ထွေးပြီးမွစာခတ်နေမှန်းကို ခန့်မှန်း၍ရနိုင်သည်။

တစ်မနက်ခင်းလုံး စကားလုံးတိုင်းကို အချိန်​တော်​တော်ယူပြီး အသံတိတ်၍​ရော ​လေး​လေးနက်နက်အာရုံစိုက်၍​ရော အကြိမ်ကြိမ်ဖတ်​နေခဲ့သည်။​နောက်ဆုံးတွင် ပါးလှပ်လှသည့်စာရွက်က​လေးက ​ဘောလုံးတစ်လုံးလိုလုံး​ချေခံလိုက်ရပြီး လက်ထဲတွင်တင်းတင်းကြပ်ကြပ်တုတ်ကိုင်ခံထားရကာ အချိန်​ကြာသွားသည်အထိ လွှတ်မချခဲ့​ပေ။

​တောင်းပန်ပါတယ်..ငါ နင်နိုးလာတဲ့ထိ​စောင့်ပြီး ဒီစကား​တွေကို မျက်နှာချင်းဆိုင်​ပြောဖို့ မ​စောင့်နိုင်​တော့လို့ပါ...ပြီး​တော့ ငါ့မှာသတ္တိလည်းမရှိလို့ပါ...မ​နေ့ညက ငါ နင့်ရဲ့​ဘေးမှာ​နေပြီး တစ်ညလုံးမျက်ရည်ကျ​နေခဲ့ပါတယ်...ဒါ​ပေမယ့် အခုချိန်မှာ နင်ဒါ​တွေကို ဂရုမစိုက်​တော့မှန်းလည်း သိပါတယ်..ငါတို့နှစ်​ယောက် ဒီ​နေ့ဒီချိန်မှာ ဒီလိုအ​ခြေအ​နေမျိုးထိဖြစ်သွားရတာက​လေ ငါ ဟိုးအရင်က​တွေးမိထားတဲ့အ​တွေး​တွေနဲ့ တကယ်ကိုကွာခြား​နေခဲ့တာပါ..အခုချိန်မှ ​သေချာစဥ်းစားကြည့်မိတာ တကယ်​တော့ နင့်ကိုအပြစ်တင်လို့မရဘူး...ငါကသာ အရမ်းကိုရိုးရိုးရှင်းရှင်း​တွေးခဲ့မိတာ...အဆင့်အတန်း ​နေရာ အသိုင်းအဝိုင်းနဲ့ ​နောက်ခံအင်အား​တွေ အားလုံးမတူညီကြတဲ့လူနှစ်​ယောက်က အ​နှောက်အယှက်​​တွေမရှိဘဲ အတူတူ​နေလို့ရလိမ့်မယ်လို့ ထင်ခဲ့မိတာ...နင် ဆိုတာ အရမ်းကိုမှဂုဏ်ရှိန်​ဂုဏ်​ဝါ​တွေရှိ​နေတဲ့သူ နင့်ရဲ့ဘဝဆိုတာလည်း အရမ်းပြီးပြည့်စုံလွန်းတယ် တကယ့်ဘဝရဲ့အခက်အခဲ​တွေ ဒုက္ခ​တွေ အရှုံး​တွေဆိုတာကို ကြုံခဲ့ရဖူးမှာမဟုတ်ဘူး...ဒါ​ကြောင့်မလို့ ငါတို့လိုလူ​တွေ တစ်​နေ့တစ်​နေ့ရင်ဆိုင်​​နေရတဲ့ဘဝဆိုတာကြီးကို နင် နားလည်နိုင်မှာမဟုတ်ဘူး...ငါနဲ့ချီ​မော့ကြားမှာရှိတဲ့ သူငယ်ချင်းသံ​ယောဇဥ် ​မေတ္တာသံ​ယောဇဥ် ​ဆွေမျိုးသားချင်းလိုရင်းနှီးရတဲ့သံ​ယောဇဥ်​​တွေ ဘဝနဲ့ရင်းပြီး​တောင်တန်ဖိုးထား​ပေးကြတဲ့သံ​ယောဇဥ်​တွေက နင်ကိုယ်တိုင်မကြုံခဲ့ရဖူးတဲ့အတွက် နင် နားလည်​ပေးနိုင်မှာမဟုတ်ဘူး...

Alluring [ ဘာသာပြန် ]Where stories live. Discover now