Chapter 55

181 15 0
                                    

တစ်သက်တာရန်သူ

လင်း​လော့ချွမ်က ပူပန်စိုးရိမ်စိတ်များဂိတ်ဆုံးအဆင့်​ရောက်​နေပြီဖြစ်သူ ရူ​ဖေးကို ​​ခေါ်ပြီး ရွမ်​ရှောက်နန်၏ဗီလာသို့ ​ရောက်လာသည့်အချိန်တွင် အရာအားလုံးပြီးဆုံးသွား​လေပြီ။

ရွမ်​ရှောက်နန်က ဆိုဖာ​ပေါ်တွင် ​သေ​သေသပ်သပ်ထိုင်​နေရင်း လင်းထိန်​နေသည့်မီး​ရောင်​အောက်တွင် ​ဝေ့ရှီ၏လည်တိုင်မှ ဆွဲဖြုတ်လာသည့် ​'ချီလင်' ကျောက်စိမ်းပြားကို အ​သေအချာစိုက်ကြည့်​နေသည်။

လင်း​လော့ချွမ်က ဝင်လာသည်နှင့်တပြိုင်နက် ရွမ်​ရှောက်နန်အားဆွဲကိုင်ကာ

"လူ ဘယ်မှာလဲ!"

ရွမ်​ရှောက်နန်က အဓိပ္ပါယ်ပါပါကိုပြုံးလိုက်ပြီး

"လူက ​သေချာ​ပေါက် ငါ့အိပ်ရာ​ပေါ်မှာ​​ပေါ့...မင်း ဒီထက်​စော​စော​ရောက်လာမယ်လို့ ထင်ထားတာ...စိတ်မ​ကောင်းစရာပဲ...အ ရမ်း နောက် ကျ သွား ပြီ"

လင်း​လော့ချွမ်က ​ဒေါသတကြီး ထိုးကျိတ်ဖို့ရာ လက်သီးဆုတ်ကိုရွယ်လိုက်ပြီး​နောက် ​ဝေ့ရှီကို ပိုပြီးစိုးရိမ်သည့်စိတ်က ကြီးစိုးသွားကာ လက်ကိုလွှတ်ပြီး ဒုတိယထပ်ရှိအိပ်ခန်းဆီသို့ ရူ​​ဖေးနှင့်အတူ ​ပြေးတက်လာခဲ့သည်။

တံခါးဖွင့်လိုက်သည်နှင့် ရူ​ဖေးက ပါးစပ်အ​ဟောင်းသားဖြစ်သွားရကာ လက်ဖြင့်ဖိအုပ်ပြီး ချက်ချင်းငိုချမိ​တော့၏။

"​ဝေ့ရှီ..."

ရွမ်​ရှောက်နန်​ပြောတာ မှန်ပါ၏။တကယ်ကို ​နောက်ကျသွားပြီ။အရာအားလုံး....မကယ်တင်နိုင်​တော့​ပေ။

သူတို့ကယ်တင်ချင်သည့်သူက ရွမ်​ရှောက်နန်၏အိပ်ရာ​ထောင့်စွန်းတွင်ထိုင်​နေကာ ဆံပင်များပွ​ယောင်းခတ်​နေပြီး ခြုံ​စောင်ကိုကျစ်ကျစ်ပါ​အောင်ဆုတ်ကိုင်ထားသည့်တိုင် ဖြူ​ဖွေး​နေသည့်အသားအရည်က တစ်ဝက်နီးပါးလှစ်ဟ​နေသည်။နဖူးထက်တွင် ခရမ်း​ရောင်အကွက်များနှင့်အတူ​သွေးများ​ပေကျံ​နေပြီး မျက်ဝန်းများက အ​ရှေ့တည့်တည့်ကိုသာ အ​သေ​ကောင်အလားစိုက်ကြည့်​နေ၏။ထိုမလှုပ်ခတ်​တော့သည့်မျက်ဝန်းတစ်စုံထဲတွင် ​ဒေါသဟူ၍လည်းမရှိ ဦးတည်ရာဟူ၍လည်းမရှိ အထဲတွင် ကန္တရသဖွယ်​ပြောင်သလင်းခါ​နေပြီး ဘာဆိုဘာမှမကျန်​တော့​၏။

Alluring [ ဘာသာပြန် ]Where stories live. Discover now