Chapter 44

162 13 0
                                    

အင်အားသုံး၍လုယူခြင်း သို့မဟုတ် အဓမ္မပြုကျင့်ခြင်း

ရူ​ဖေးက ​နောက်ထပ်ညဆိုင်းဆင်း​နေရသည်ဖြစ်၍ ​ဝေ့ရှီက ​ရေမိုးချိုးပြီးသည်နှင့် ဝရံတာမီးကို ထိန်ထိန်လင်း​အောင်ဖွင့်ကာ ပန်းချီဘုတ်ပြားကို အကျအနပြင်ပြီး မပြီးပြတ်​သေးသည့်အိမ်စာများကို အဆုံးသတ်ဖို့ရာပြင်​လေ၏။အလုပ်များ​နေသည့်အချိန်အတွင်း ဖုန်းမြည်လာသဖြင့် လင်း​လော့ချွမ်​ခေါ်ဆိုသည်ဟုထင်မှတ်ကာ ​ခေါ်ဆိုသူနံပါတ်ကိုမကြည့်ဘဲ ​ကောက်ယူ​ဖြေဆိုလိုက်၏။

"ကိုယ်ပါ.."

လက်ထဲတွင်ကိုင်ထားသည့် ပန်းချီ​ဆေးများ ပြုတ်ကျကာ ကြမ်းပြင်တစ်ခုလုံး ​ဆေးစက်များ မွစာကျဲကုန်သည်။

ထိုအသံပိုင်ရှင်က ဆက်၍

"ကိုယ် ကားထဲမှာ​စောင့်​နေမယ်...၁၀မိနစ်ကြာပြီးရင် မင်းဆင်းလာခဲ့ မဟုတ်ရင် ကိုယ်တက်လာခဲ့မယ်"

နားစည်အတွင်း ဖုန်း​ခေါ်ဆိုမှုပြီးဆုံးသွားသည့် တတူတူမြည်သံများရစ်ဝဲ​နေပြီး ​ဝေ့ရှီက ဖုန်းကိုင်ထားသည့် နဂိုအ​နေအထားအတိုင်းငြိမ်သက်​မိနေ​လေသည်။မျက်ဝန်း​ရှေ့ရှိ အရာအားလုံး ကွယ်​ပျောက်သွားသည့်အလား ဘာဆိုဘာမှမမြင်ရ​တော့ဘဲ မျက်ဝန်းအိမ်အတွင်း ​အကြောက်တရားများသာ တဟုန်ထိုး လျှပ်​ပြေးလာ​တော့သည်။အချိန်မည်မျှကြာသွားသည်အထိ ​ငေး​ကြောင်​နေခဲ့မှန်းမသိ ဆယ်မိနစ်လား ဒါမှမဟုတ် ဆယ်စုနှစ်တစ်ခုစာလား။တံခါးဝဆီမှ ​ခြေသံတစ်ခုနှင့်အတူ တံခါး​ခေါက်သည့်အသံပါ ကပ်ပါလာခဲ့၏။

​ဝေ့ရှီက ကြားလျှင်ကြားချင်း အလန့်တကြားလှည့်၍ တံခါးရှိရာဆီသို့ ​ကြောက်လန့်တကြီး လှမ်းကြည့်ကာ ဖွဲစ​လေးတစ်ခုလို တဆတ်ဆတ်တုန်​နေခဲ့သည်။

သူ့ကို မ​တွေ့ချင်ဘူး!

​သေတဲ့ထိ​တောင် သူ့ကိုမ​တွေ့ချင်ဘူး!

တစ်ချက်ပြီးတစ်ချက်​မြည်နေသည့် တံခါး​ခေါက်သံက ခန္ဓာကိုယ်ထဲမှဝိဥာဥ်ကို​​တောင်းဆို​နေသည့် သရဲတ​စ္ဆေ​ခေါ်သံအလား ​နောက်မဆုတ်တမ်းကျယ်​လောင်လာ​လေသည်။

Alluring [ ဘာသာပြန် ]Where stories live. Discover now