Chapter 50

186 14 1
                                    

- နှလုံးသားကို မ​ပေးနိုင်ရင် လူကိုပဲ ​ပေးလိုက်​တော့

တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဥ်ပြီးဆုံးသွားသည်နှင့် ပွဲ​ကောင်းတစ်ခုလည်း ပြီးဆုံးသွား၏။ရွမ်​ရှောက်နန်က တီဗွီကိုပိတ်လိုက်ပြီး​နောက် ဝိုင်ခွက်ကိုယူပြီး ​မော့​သောက်လိုက်၏။မြည်လာသည့်ဖုန်းကို ​ကောက်ယူပြီး တစ်ဖက်လူ၏စကားကိုငြိမ်၍နား​ထောင်​နေရင်းမှ တဖြည်းဖြည်းချင်းပြုံး၍

"မ​စောဘူး...သူ​ရောက်လာတဲ့အချိန်နဲ့ ပွဲထဲကအချိန်က လုံးဝအချိန်ကိုက်နီးပါးပဲ...ပင်ပန်းသွားရပြီ..."

ရွမ်​ရှောက်နန်က ဖုန်းချပြီး​နောက် မှန်ပြတင်း​ပေါက်နားဆီသို့​လျှောက်သွားကာ မြို့​​တော်ကြီးအား အ​ပေါ်စီးမှ​နေ၍ ငုံ့ကြည့်လိုက်၏။အရင်တစ်​ခေါက် ဤ​နေရာတွင် ​ဝေ့ရှီ​ကြောင့် ​သွေးထွက်သံယိုဖြစ်ခဲ့ဖူးသည့်​နေရာဆိုလည်း မမှား။ထိုအချိန်က ​ဝေ့ရှီ​ပြောခဲ့သည့်စကားကို မှတ်မိ​နေပါ​သေး၏။

"နင်က..ငါ့ကို..နင့်ကိုချစ်လာစေချင်​နေတာလား...ဖြစ်နိုင်လို့လား"

ထိုအချိန်တုန်းက တည်ရှိ​နေသမျှအရာအားလုံးက အတုအ​ယောင်များသာဖြစ်​နေခဲ့ပြီး ​ဒေါသစိတ်တစ်ခုတည်းကသာ အစစ်အမှန်ဖြစ်ခဲ့သည်။ထိုစကားလုံးတို့ကို ကြားလိုက်ရသည့်အချိန်တုန်းက သူမကို အပိုင်းပိုင်းအစစ​ဖြစ်​အောင်​ချေမွပစ်ချင်သည့်စိတ်ကို မနည်းထိန်းချုပ်ထားခဲ့ရကာ အမှုန့်ဖြစ်​အောင်ကြိတ်​ချေပြီး ပြာမှုန့်များအဖြစ် ဖျက်ဆီးပစ်လိုက်မှသာ စိတ်​ကျေနပ်နိုင်​တော့မည်အထိ တည်ငြိမ်နိုင်​တော့မည်အထိ စိတ်​အေးနိုင်​တော့မည်အထိ မုန်းတီးခဲ့၏။

ရွမ်​ရှောက်နန်က အသက်ပြင်းပြင်းရှူရှိုက်လိုက်ရင်း နှာ​ခေါင်းထိပ်ဖျားတွင်ကျန်​နေသ​ယောင်ရှိ​နေခဲ့သည့် သူမ၏အ​ငွေ့အသက်များကို ရှိုက်သွင်းလိုက်၏။

အသံထွက်​အောင် ရယ်လိုက်ပြီး

"မင်း​ပြော​တော့ မင်း ကိုယ့်ကိုတစ်သက်လုံးချစ်​နေမှာဆို..သေတဲ့ထိကိုချစ်​နေမှာဆို...ဒါ​ပေမယ့် မင်းက အသက်ရှင်​နေရက်နဲ့ အခြားတစ်​ယောက်ကို ချစ်​နေပြီ...အဲ့အချိန်တုန်းက မင်း​သေသွားလိမ့်မယ်လို့ထင်မိပြီး ကိုယ်မင်းကို လွှတ်ချ​ပေးလိုက်​ပေမယ့် မင်းက မ​သေ​သေးဘူးဆို​တော့....မင်း​ပြောကြည့် ကိုယ်ဘာဆက်လုပ်ရမလဲ.."

Alluring [ ဘာသာပြန် ]Where stories live. Discover now