Chapter 7

206 16 0
                                    

သားသတ်သမား၏ သားသတ်စင်

ရူ​ဖေးမသိခဲ့သည်က ဤမြို့​တော်ကြီး၏​ထောင့်တစ်​နေရာတွင် သူမနှင့်အတူ မိုး​သောက်လင်းခါနီးထိ ကြယ်များကို​ရေတွက်​ပေး​နေခဲ့သူ ရှိမှန်းပင်။

​ဝေ့ရှီက အိပ်ရာထက်တွင်ထိုင်​နေပြီး လက်ထဲတွင် ဆွဲကြိုးတစ်ကုံးကိုကိုင်ကာ အ​သေးစိတ်စိုက်ကြည့်​နေ​၏။အပြာ​ရောင်စိန်ပွင့်​လေးများ ညနက်ကြီးထဲ​တောက်ပ​နေပုံက 'တိုက်တန်းနစ်'ဇာတ်လမ်းထဲရှိ ပရိတ်သတ်များ၏အာရုံကို ဖမ်းစားသွားနိုင်သည့် 'သမုဒ္ဒရာ၏နှလုံးသား' ဆွဲကြိုး​တောက်ပ​နေပုံနှင့် ဆင်တူလှသည်။

ဤဆွဲကြိုး၏နာမည်က '​မျှော်လင့်​ခြင်း​သော့တံ' လို့အမည်ရမှန်း မှတ်မိပါ​သေးသည်။ရွမ်​ရှောက်နန်က မထင်ထားနိုင်​လောက်သည့်​စျေးနှုန်းဖြင့် ​လေလံနိုင်ခဲ့ပြီး မ​ပြောမဆိုနှင့် သူမအား ဝတ်ဆင်​ပေးခဲ့သည်ဆိုလည်းမမှား။

ဤအဖြစ်အပျက် အပြီးတွင် တစ်ခုခုကိုနားလည်ချင်လာသလိုရှိ​သော်လည်း ဘာမှကိုနားမလည်​တော့သလိုမျိုး ဗလာကျင်းသွားရပြန်၏။

မည်သည့်အရာကိုမှ မစဥ်းစားချင်​တော့သဖြင့် အိပ်ရာ​ပေါ်လှဲအိပ်လိုက်သည့်တိုင် စိတ်ဖိစီးမှု​ကြောင့် အိပ်မ​ပျော်ဖြစ်ရပြန်၏။ထို့​ကြောင့် ​ရေဒီယိုကိုဖွင့်ပြီး မနက်ခင်းအစီအစဥ်များကို နား​ထောင်ရန်ပြင်လိုက်၏။

သီချင်း​ဟောင်းတစ်ပုဒ်က ​ရေဒီယိုမှလာ​နေကာ စာသားများက အနည်းငယ်ဝမ်းနည်း​စေနိုင်လိမ့်မည်။​ဝေ့ရှီက ​ရေခဲ​ရေတစ်ခွက်ကို ယူလိုက်ပြီး မိုး​သောက်လာ​တော့မည့်မြို့ပြင်ကြီးကို တစ်ကိုယ်တည်း​ငေးကြည့်ကာ တိတ်ဆိတ်၍နား​ထောင်​နေလိုက်၏။

အမှတ်တရများက ပုံပြင်တစ်ပုဒ်လိုသာဖြစ်သွားရပြီ

ရင်းနှီး​နေတဲ့ အ​ငွေ့အသက်များက​တော့ ကျန်ရှိ​နေဆဲ

​တောင်တန်း​တွေကို​ကျော်ပြီး ရွာ​လေး​တွေကိုဖြတ်ခဲ့ပါ

ပြန်ဆုံစည်းမယ့်ကံကြမ္မာ​လေးက ​စောင့်​နေ​ပေးပါ့မယ်

မြို့ပြကြီးမှာ အ​ခြေချပြီး

Alluring [ ဘာသာပြန် ]Where stories live. Discover now