Chapter 62

210 19 0
                                    

အရာအားလုံးက အိပ်မက်သာ

​နောက်တစ်​နေ့မနက်​စော​စောတွင် ရွမ်​ရှောက်နန်က ​ဝေ့ရှီအား ဆေးစစ်မှုများပြုလုပ်ရန် ​ဆေးရုံသို့​ခေါ်သွား၏။​ဝေ့ရှီက အမြဲတမ်း ​ဆေးရုံ၏အ​ငွေ့အ​သက်များကိုသ​ဘောမကျ​​သော်လည်း ယခုတစ်ကြိမ်တွင်​တော့ စိတ်လှုပ်ရှားသလိုသာဖြစ်​နေပြီး ခါးခါးသီးသီးမငြင်းဆန်​ပေ။​ခေါင်းကိုလှုပ်လီလှုပ်လဲ့​လေး​စောင်းပြီး က​လေးတစ်​ယောက်လို တစ်လမ်းလုံး အဆက်မပြတ်စကား​ပြော​နေခဲ့သည်။

ရွမ်​ရှောက်နန်က တစ်ဖက်ကကား​မောင်းရင်း တစ်ဖက်က သူမ၏စကားများကို နား​ထောင်​ပေးကာ တစ်ခါတစ်​လေ သုံး​လေးခွန်းပြန်ပြန်​တုန့်ပြန်ပြီး များ​သောအားဖြင့်စကားမဆိုဘဲ စိုးရိမ်ပူပန်​နေသည့်ပုံစံကြီးသာဖြစ်​နေ၏။

​ဆေးရုံသို့​ရောက်သည်နှင့် ​ဒေါက်တာဝူက ​​ဝေ့ရှီအတွက်တစ်ကိုယ်လုံးဆေးစစ်မှုများပြုလုပ်ရန် ပြင်ဆင်ထားနှင့်ပြီးဖြစ်သည်။

​ဝေ့ရှီက အထူးအဆန်းဖြစ်သွားသလိုလှမ်းကြည့်ပြီး

"က​လေး​လေးရှိမရှိဘဲ စစ်ရမှာမဟုတ်ဘူးလား"

​ဒေါက်တာဝူက တစ်ချက်မျှငြိမ်သွားပြီး ရွမ်​ရှောက်နန်ကိုတစ်ချက်လှမ်းကြည့်ပြီးမှ ငြင်ငြင်သာသာပြန်ပြုံးပြ၍

"တစ်ကိုယ်လုံးစစ်​ဆေး​တော့ ပို​ကောင်းတာ​ပေါ့...ပိုပြီး စိတ်ချရတယ်​လေ"

​ဝေ့ရှီက စိုးရိမ်​နေ​ဆဲဖြစ်၍ ​​ခေါင်းကို အားကုန်ရမ်းပြကာ

"မ​တော်တဆ က​လေး​လေးကိုထိခိုက်မိသွားရင် ဘယ်လိုလုပ်မလဲ...မသွားဘူး!.."

ရွမ်​​ရှောက်နန်က ငုံ့ကြည့်ပြီး ​ချော့မော့လာ၏။

"စိတ်ချပါ...စစ်​ဆေးမယ့်ဟာ​တွေအားလုံး အန္တရာယ်မရှိဘူး...ဆရာဝန်​ရဲ့စကားကို လိမ်လိမ်မာမာ​လေးနား​ထောင်​နော်...ပြီးသွားရင် ကိုယ် မင်းကို အပြင်လိုက်ပို့​​ပေးမယ်​လေ.."

​ဝေ့ရှီက ခင်ပွန်းဖြစ်သူ၏လက်ကိုမလွှတ်ချင်လွှတ်ချင်နှင့် လွှတ်​ခဲ့ပြီးမှ သူနာပြုတစ်ဦး​နောက်သို့လိုက်ပါသွားခဲ့၏။

Alluring [ ဘာသာပြန် ]Tempat cerita menjadi hidup. Temukan sekarang