Chapter 17.2

147 11 0
                                    

အဆုံးအစမရှိ အံ့သြတုန်လှုပ်သွားခြင်း

ဤရက်ပိုင်းအတွင်း ​ဝေ့ရှီ၏ နှလုံးသားထဲတွင် ခပ်​ရေး​ရေး​လေး​သော အ​တွေးစတစ်ခုရှိ​နေခဲ့၏။အကယ်၍ တစ်​နေ့တွင် ဤ​လောကကြီးထဲ၌ ရုတ်တရက် ရွမ်​ရှောက်နန် မရှိ​တော့လျှင် သူမ ဘယ်လိုဖြစ်သွားခဲ့မလဲ။​ပျော်ရွှင်ခြင်းက ပိုမည်​လော နာကျင်ဝမ်းနည်းခြင်းက ပိုမည်​လော။

အခြား​ယောက်ျားတစ်​ယောက်အား ထပ်၍ ချစ်မိသွားမည်​​လော။ထို​ယောက်ျားက​ရော ဘယ်လိုပုံစံမျိုးဖြစ်မည်နည်း။သာမာန်ဝန်ထမ်း​လေး တစ်ဦးလား။ ဒါမှမဟုတ် ပန်းချီဆွဲတတ်သည့်သူတစ်ဦးလား။

နှစ်ဦးသား ဘယ်လို ဘဝမျိုးတွင် ​နေထိုင်ဖြစ်မည်နည်း။နှစ်​ယောက် အတူတူ​နေထိုင်ဖြစ်ကြပြီး ချစ်စရာ​ကောင်းသည့် က​လေး​​လေးတစ်​ယောက် ​မွေးဖြစ်ကြမည်လား။ ဒါမှမဟုတ် မ​ရေရာမ​သေချာ​သော ပန်းချီဆရာတစ်ဦး၏အိမ်မက်​နောက်ကို​လိုက်ရင်း ​လောကတခွင် ရွက်လွှင့်ကြမည်​လော။

မည်သို့ပင်ဖြစ်​စေ အဘယ်သို့​သောလူမျိုးနှင့်​တွေ့ပြီး ဘယ်​လိုဘဝမျိုးကို ဖြစ်သန်း​နေခဲ့ပါ​စေ ​ဝေ့ရှီ​၏ ဘဝအစိတ်အပိုင်းတစ်ခုက ပုပ်သိုး​ဆွေး​မြေ့နှင့်​နေပြီးဖြစ်၏။သူမ၏ ဘဝတစ်ခုလုံးက သစ်ပင်ကြီးတစ်ပင်ဖြစ်​နေခဲ့လျှင် ​ခြောက်​သွေ့သွားခဲ့ပြီး​သော ရွက်​ကြွေများအစား ရွက်နုများ​က​နေရာယူကာ ထိုရွက်​​ကြွေများက အသစ်တဖန်​တောက်ပလာနိုင်တော့မည်မဟုတ်သလိုမျိုးပင်ဖြစ်၏။

​နောက်ဆုံးစာ​မေးပွဲ ပြီးဆုံးသွားပြီဖြစ်ကာ ယ​​နေ့က နိုင်ငံခြားပညာသင်အခွင့်အ​ရေးအတွက် ​ရေး​ဖြေစာ​​မေးပွဲ​​ဖြေရမည့်​နေ့ဖြစ်၏။စာ​မေးပွဲအချိန်က ​နေ့လည် ၂နာရီတွင်သတ်မှတ်ထားကာ ​မေးခွန်းများက ​​တော်ဝင်ပန်းချီတက္ကသိုလ်မှထုတ်ထားသည့် ​မေးခွန်းများဖြစ်​ကြောင်း ​ကြေညာထား၏။

​ဝေ့ရှီက မနက်ပိုင်းတစ်ခုလုံး စာကြည့်တိုက်ထဲတွင်ရှိ​နေခဲ့ပြီး ​နေ့လည်စာကို ​ကျောင်းကန်တင်း၌သာ စားရန်ဆုံးဖြတ်လိုက်၏။​ကျောင်းပိတ်ရက်လည်းဖြစ်သဖြင့် ခါတိုင်း​နေ့များထက် လူနည်း​နေ၏။​ဝေ့ရှီက တိတ်ဆိတ်ပြီး​ထောင့်ကျသည့်​​နေရာတစ်ခုကိုယူပြီး 'ယန်ကျိုး'​ဒေသလက်ရာ ထမင်း​ကြော်ကတစ်ဖက် စာအုပ်ကတစ်ဖက်။

Alluring [ ဘာသာပြန် ]Where stories live. Discover now