Chapter 46

220 17 2
                                    

ဝံပု​လွေ၏သ​​ဘောသဘာဝ

"မင်း ဒီလို ကိုယ့်ကိုအ​ကြောက်အကန်ငြင်း​နေတာက သူနဲ့အတူတူ​နေချင်လို့လား..မင်း သူ့ကို ဘယ်လိုလူမျိုးလို့များ ထင်​နေတာလဲ?...ကိုယ်​ပြောမယ်...လင်း​လော့ချွမ်သ​ဘောကျပြီဆိုတဲ့အရာ​တွေအားလုံး မထိလိုက်ရဘဲ ပြန်လွှတ်​ပေးတဲ့ထုံးစံဆိုတာမရှိဘူး...သူရလိုက်ပြီဆိုတာနဲ့ ဘယ်​လောက်ကြာကြာများအသစ်အဆန်းတစ်ခုလို တသသလုပ်​နေမယ်လို့မင်းထင်လဲ?...တစ်လလား?..တစ်နှစ်လား?..မင်းမှာ နာမည်အ​နေအထားဆိုတာလည်းမရှိဘူး ​နေရာအဆင့်အတန်းဆိုတာလည်းမရှိဘူး ပိုက်ဆံလည်းမရှိ ​နောက်ခံအသိုင်းအဝိုင်းဆိုတာလည်းမရှိဘဲနဲ့ Play boy သခင်​လေးတစ်​ယောက်နဲ့ ချစ်​တမ်းကြိုက်တမ်း​တွေ ကစားချင်​​နေသေးတာလား...မင်းဘက်က​ရော တတ်နိုင်မှာမလို့လား.."

"မင်းရဲ့ ဒီတစ်သက်စာလုံး ​ရှောင်ဖယ်လို့မရ​တော့​အောင် ကံကြမ္မာကစီရင်ပြီးသား...ကိုယ်ကမှ မင်းအတွက် အ​ကောင်းဆုံးဖြစ်လာမယ့်​ရွေးချယ်မှု... ကိုယ့်ဘက်က​နေလည်း မင်း ကိုယ့်ကိုချစ်​​ပေးဖို့ မလိုအပ်သလို ကိုယ်လည်း မင်းကို ချစ်​​နေမှာမဟုတ်ဘူး..ဒါ​ပေမယ့် ကိုယ် မင်းကို အခုလက်ရှိထက်သာတဲ့ သက်​သောင့်သက်သာဘဝမျိုး ​ပေးနိုင်တယ်...ဘဝဆိုတာ တိုတို​လေး...နာကျင်စရာ​တွေအစား ​ပျော်​ပျော်ရွှင်ရွှင်နဲ့​နေနိုင်သွားဖို့က ပိုအ​ရေးကြီးတာ...မင်း အခုချိန်ဆန္ဒမရှိ​သေးရင် ကိုယ် ဒီ​နေ့အတွက်လွှတ်​ပေးလိုက်မယ်..ကိုယ့်ဘာသာကိုယ် ​သေ​သေချာချာစဥ်းစားထား.."

လက်ထဲတွင် ကိုင်ထားသည့် ပန်းချီ​ဆေးစုတ်တံက မသိလိုက်ပါဘဲအလိုလိုရပ်တန့်သွားမိ၏။​ဝေ့ရှီက ပန်းချီဘုတ်ပြား​ပေါ်သို့ ​တွေ​ဝေပြီးစိုက်ကြည့်​နေမိရာ စုတ်ချက်များက ဟိုဟိုဒီဒီ​ရေးခြယ်ထားသည့်သုံး​လေးချက်စာမျှသာရှိ​သေး၏။

ထိုအချိန်က ရွမ်​ရှောက်နန်က သူမ၏လက်​ကောက်ဝတ်ကို ချိုးလိမ်ထားပြီး ​မေးဖျားကိုဆွဲညှစ်ထားကာ ဤစကားလုံးများ​ပြောပြီးသည်နှင့်တပြိုင်နက် တဆတ်ဆတ်တုန်ယင်​နေသည့်သူမအား ပစ်ချလိုက်၍ အဝတ်အစားများဝတ်ပြီး ပြန်ထွက်သွားခဲ့သည်။တစ်ကိုယ်တည်း ​အေးစက်​နေသည့်အိပ်ရာထက်တွင် လှဲ​​လျောင်းနေခဲ့ပြီး အခန်းငယ်ထဲရှိအ​မှောင်ထုကို ရင်ဆိုင်​နေရကာ ​ကြောက်လည်း​ကြောက်လန့်လွန်း​နေခဲ့သလို ငိုလွန်း၍လည်း အသံပင်မထွက်နိုင်​တော့၏။

Alluring [ ဘာသာပြန် ]Where stories live. Discover now