Chapter 39.1

14.4K 2.3K 216
                                    


Scroll down for Unicode. မပေါ်ရင် errorဖြစ်တာမျိုးနေမှာပါ။ Refreshလုပ်တာ ထွက်တာမျိုးလုပ်ကြည့်ပါ။


[Zawgyi]

Chapter 39 - "Hey, Xiaohui." ...Li Shuo's elegant and pleasant voice rang on the other end of the phone.

"ဟယ်လို ရှောင်ဟွေး" ... ဆွဲမက်ဖွယ်အတိနှင့် နားဝင်ချိုပေသည့် လီရှော့ရဲ့အသံက ဖုန်းဆီကနေထွက်လို့လာသည်


အမေရိကားကိုရောက်သွားတော့ သူဖုတ်ပူမီးတိုက်ပြင်ဆင်သွားသည့် အင်္ဂလိပ်စာက လုံးဝကိုသုံးစားမရမှန်းသိလိုက်ရသည်သည်။ နားလည်တာလိုလို မလည်တာလိုလိုနှင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင်မသိတော့။

နေရထိုင်ရတာကတော့ ဘာအခက်အခဲမှမရှိ။ သင်တန်းအဖွဲ့အစည်းက သူ့အတွက်နေစရာနေရာကို တရုတ်လူမျိုးတွေအကျွမ်းတဝင်ရှိသည့် ပတ်ဝန်းကျင်မျိုးမှာ စီစဉ်ထားပေးပြီး လိုအပ်သည့်နေ့စဉ်သုံးပစ္စည်းတွေကိုပါဝယ်ထည့်ပေးထားသည်။

ရောက်သွားပြီးရက်အတော်လေးကြာတော့နိုင်ငံခြားရောက်လို့ ပျော်တဲ့အပျော်တွေ လန်းဆန်းတက်ကြွနေတာတွေ တစ်ခန်းရပ်သွားပြီး ဝမ်းရှောင်ဟွေးတစ်ယောက် စတင်လို့ အိမ်လွမ်းနာကျပြီး ပျင်းခြောက်ခြောက်ဖြစ်လာရသည်။ နေရသည့်ပတ်ဝန်းကျင်က အစိမ်းသက်သက်နေရာကိုမှ သူ့ဘေးပတ်လည်မှာကလည်း လူစိမ်းတွေကြည့်သာ။ အင်္ဂလိပ်လိုကမပြောနိုင်တော့ အပြင်တောင်မထွက်ရဲပေ။ အတန်းတွေစမဖွင့်ခင်တစ်လျှောက်လုံး အဆောင်မှာပဲ ကျောက်ချနေကာ နေ့တိုင်း ဂိမ်းဆော့၊ ဝတ္ထုဖတ်သည်။ အချိန်ကျပြီဆို အိမ်ကိုလွမ်းသည့်အကြောင်းက ခေါင်းထဲအလိုလိုဝင်လာသည်။ လော့ယွဲ့နှင့်ဖုန်းတစ်နာရီလောက်ပြောပြီးနောက် လော့ယွဲ့စကားတွေနားထောင်နေရတာ နားအူလာတော့သည်။

အတန်းစတက်ရပြီးနောက်မှာတော့ နေရတဲ့ဘဝပုံစံက နည်းနည်းလေးပိုစိတ်ဝင်စားစရာကောင်းလာသည်။ အတန်းထဲမှာ တရုတ်လူမျိုးများများစားစားမရှိ။ လူတွေကအသားအရောင်အမျိုးမျိုးနှင့် နိုင်ငံအသီးသီးကနေလာတက်ကြသူများဖြစ်သည်။ ဝမ်းရှောင်ဟွေးကတော့ အင်္ဂလိပ်စာညံ့ပေမည့် သူ့ရဲ့ ဖော်ဖော်ရွေရွေနှင့်ပေါင်းတတ်သင်းတတ်ရှိသည့်စရိုက်ကြောင့် အခြားလူတွေနှင့် မြန်မြန်ပဲ မိတ်ဆွေသူငယ်ချင်းတွေတောင်ဖြစ်သွားပြီး တစ်ပတ်အတွင်းမှာတင် အတူတူအပြင်လျှောက်သွား သောက်စားပျော်ပါးတော့သည်...

Additional Heritage [Myanmar Translation]Where stories live. Discover now