Chapter 45

15.4K 2.4K 536
                                    


Scroll down for Unicode. ပါကိုပါပါတယ်။


[Zawgyi]

Chapter 45 - Luo Yi hugged him and held him tightly.

လော့ရိက သူ့ကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်သည်။

မီးတွေသာမမှိတ်ထားဘူးဆို ဝမ်းရှောင်ဟွေး၏အလွန်အမင်းရှက်သွေးဖြာနေမှုကို လော့ရိ အသေအချာတွေ့မြင်နိုင်လောက်မှာ...

"ဘာ...ဘာရယ်?"

"ကော ဒီတစ်လျှောက်လုံး လီရှော့ကိုသဘောကျနေခဲ့တာမဟုတ်လား၊ ဒါပေမဲ့ လီရှော့ကို ကောငြင်းခဲ့တယ်၊ ငြင်းလိုက်ရတဲ့အကြောင်းအရင်းက ခုန ကောပြောသလိုအတိုင်းပဲလား? ကောက သူ့ကိုနှစ်နှစ်ကာကာမကြိုက်ဘူး? ကော သူနဲ့ကြိုက်ချင်နေမှန်း အသိအသာကြီးကို"

ဝမ်းရှောင်ဟွေး အနည်းလေးခေါင်းရှုပ်သွားရသည်။ လော့ရိ့ပုံစံက ဘာလို့ ဒီလောက်ထိ...ရန်လိုနေရတာလဲ? သူ လီရှော့ကို ငြင်းလိုက်တာကပဲ မှားသွားသည့်ပုံပေါက်နေသည်။ လော့ရိ၏ ထိုပုံစံက သူ့ကို အနည်းလေးကြောက်လန့်စေ၏

"လော့ရိ မင်း ဘာဖြစ်နေတာလဲ?"

လော့ရိ၏လေးကိုင်းသဏ္ဍာန်မျက်ခုံးတို့ ကြုတ်သွား၏

"...ကျွန်တော်ကြောင့်မလား?"

ဝမ်းရှောင်ဟွေး တံတွေးမြိုချလိုက်သည်

"မင်း ဒီနေ့ ဘာတွေထဖောက်နေတာလဲ? ကြောင်တောင်တောင်နဲ့"

လော့ရိ တစ်ခုခုကိုပြောချင်တာကြောင့်ပါးစပ်ဟလိုက်ပေမဲ့ ပြန်သာမျိုချလိုက်တော့သည်။ သူ တစ်ဖက်ကိုလှိမ့်ကာ အိပ်ရာပေါ်မှဆင်းလိုက်သည်

"ကျွန်တော် အိမ်သာခဏသွားလိုက်ဦးမယ်"

ထိုသို့ပြောပြီးတာနှင့် နောက်ကိုတစ်ချက်ပြန်မကြည့်ဘဲ ရေချိုးခန်းထဲဝင်သွားလေသည်။

ဝမ်းရှောင်ဟွေး အချိန်တော်တော်ကြာကြာထိ ကြက်သေသေနေပြီး လော့ရိ့စကားတစ်ခွန်းချင်းစီကို အကြိမ်ကြိမ်အထပ်ထပ် ပြန်တွေးကြည့်နေပေမဲ့ သူ့မှာ ထိုစကားတို့ကို အစပြန်ဖော်မရဖြစ်နေသည်။ လော့ရိ သူ့ကိုဘာပြောချင်တာလဲ၊ သူ ဆိုလိုချင်တာဘာလဲဆိုတာ တကယ်ကိုနားမလည်နိုင်။ ထို့ပြင် သူ လီရှော့ကို ဘာလို့ ငြင်းခဲ့တာလဲဆိုတာပြောလိုက်တဲ့အချိန်မှာ လော့ရိက သူထင်ထားသလောက်လည်း ဝမ်းသာသွားတာမျိုးမရှိ...

Additional Heritage [Myanmar Translation]Where stories live. Discover now