Chapter 38

15.2K 2.4K 881
                                    


Scroll down for Unicode. ပါပါတယ်နော်


[Zawgyi]

Chapter 38 - His face was expressionless, his eyes were cold and gloomy, like the water of a river in February, with a chilling chill.

သူ့မျက်နှာက ခံစားချက်ကင်းမဲ့နေပြီး မျက်လုံးတွေကလည်း ဖေဖော်ဝါရီလမှာမြင်တွေ့ရသည့် တသွင်သွင်စီးဆင်းနေပါသော မြစ်ရေပြင်လိုပင် မိုက်ရူးရဲဆန်ကာ အေးစက်မှိုင်းညို့လို့နေသည်။


လော့ရိ ခေါင်းညိတ်သည်

"ဟုတ်ပါပြီ"

ဝမ်းရှောင်ဟွေး ဘာမှထပ်မပြောချင်တော့ပေမဲ့ သူ လော့ရိကိုကြည့်ပြီး ပိုလို့တောင်ဒေါသထွက်လာသည်။ ပထမတော့ အနည်းလေး ဒေါသထောင်းကနဲထွက်သွားပေမဲ့ မနေနိုင်တော့ပဲပြောသာပြောခိုင်းလိုက်သည်

"ထား,ထား၊ မင်းပြောချင်တာသာပြောတော့"

လော့ရိ ပြုံးကာပြောသည်

"ကျွန်တော် ကောသူငယ်ချင်းကို တကယ်သံသယမဝင်ပါဘူး"

"မယုံသင်္ကာတွေကဖြစ်နေပြီးသားမဟုတ်ဘူးလား၊ မင်းပြောချင်တာသာပြောစမ်းပါ။ မျိုသိပ်ထားရတာက မင်းအတွက်အနေရခက်တယ်၊ ငါလည်း အောင့်သက်သက်နဲ့"

လော့ရိ သူ့ကိုဂရုမစိုက်ဟန်ဖြင့်ကြည့်လာသည်

"ကော ဘာလို့ ဒီနေ့အရမ်းစိတ်ဆတ်နေတာလဲ စိတ်မကြည်ဘူးလား?"

ဝမ်းရှောင်ဟွေး သူ့ကိုယ်သူဘာမှမသုံးမကျသလိုခံစားရပြီး စိတ်ရှုပ်ရှုပ်နှင့်ခေါင်းကုတ်မိတော့သည်။

"ဘယ်လိုကိစ္စပဲဖြစ်ဖြစ် ကျွန်တော်က ကောကိုကာကွယ်ပေးဖို့ရှိနေတာ၊ ကျွန်တော်မျှော်လင့်တာက ကော..."

"ငါ့အတွက်တွေးပေးတယ်လို့ပြောတာတွေတော်ပါတော့"

ဝမ်းရှောင်ဟွေး အော်ပြောလိုက်သည်

"လီရှော့နဲ့လော့ယွဲ့က မင်းထင်သလိုလုံးဝမဟုတ်ဘူး၊ အဲ့လိုတွေမပြောနဲ့။ သူတို့တွဲဖြစ်သွားမယ်ဆိုရင်တောင် လော့ယွဲ့ကို အသိအမှတ်ပြုပေးလိုက်ရအောင်။ မင်း အမြဲတမ်း ငါ့ကိုကာကွယ်ပေးတယ် ငါ့ကိုကာကွယ်ပေးတယ် ငါ့ကိုကာကွယ်ပေးတယ်ဆိုပြီးပြောတယ်။ မင်းရဲ့ ကာကွယ်ပေးတယ်ဆိုတဲ့နည်းလမ်းတွေက အရမ်းထူးဆန်းလွန်းနေတယ်။ ပုံမှန်လူတွေဆို အဲ့လိုတွေလုပ်မယ်တဲ့လား! အကယ်၍...အကယ်၍များ လော့ယွဲ့က တကယ်ပဲ ငါ့လူကို နှိုက်ထုတ်သွားခဲ့မယ်ဆို မင်း ငါ့ကိုကာကွယ်ပေးဖို့အတွက်ဆိုပြီး ဘာကိုဖြစ်ဖြစ်လုပ်မှာပဲလား?!"

Additional Heritage [Myanmar Translation]Where stories live. Discover now