Chapter 9

20.3K 3.3K 539
                                    


[ Unicode ]

Edited ver.

Chapter 9- That is the youngest son of Chief Shao, Shao Qun

အဲ့ဒါက ရှောက်တပ်မှူးချုပ်ရဲ့ အငယ်ဆုံးသားပဲ။ ရှောက်ချွင်

စနေနေ့ မွန်းလွဲပိုင်း...

ဝမ်းရှောင်ဟွေး အလုပ်ဆင်းဖို့ ပစ္စည်းတွေသိမ်းနေတုန်း Raven က သူ့နားကို ရုတ်တရက်ရောက်ချလာပြီး လေသံမာမာနှင့်ပြောလာသည်

"လေးနာရီကျရင် မင်းအိမ်အောက်ကနေ စောင့်နေ"

ဝမ်းရှောင်ဟွေး ကြောင်အမ်းသွားသည် "အာ...ဘာကိစ္စရှိလို့လဲဗျ"

Raven က မထင်ထားစွာ

"မင်းအတိတ်မေ့နေတာလား။ လီဟွကို ပြင်ပေးဆင်ပေးဖို့ အရင်ဆုံး သူ့အိမ်ကိုသွားရမယ်။ မသွားခင်တည်းက မင်းကိုဝင်ခေါ်မယ်။ အဲ့ကနေမှ Shangri-La ကို သူနဲ့ အတူသွားရမယ်"

ဝမ်းရှောင်ဟွေး ပါးစပ်ဟောင်းလောင်းဖြစ်ကာ

"ဒီ... ဒီနေ့။ နောက်နှစ်ရက်နေမှလို့ ပြောထားတာ မဟုတ်ဘူးလား"

"ဒါ နောက်နှစ်ရက်ပဲ မဟုတ်ဘူးလား"

"ကျွန်တော်ထင်လိုက်တာက...."

ဝမ်းရှောင်ဟွေးမှာ ခြေမကိုင်မိလက်မကိုင်မိ အကျပ်ရိုက်ရတော့သည်။

သူ အဝေးကြီးလိုသေးတယ်ပဲ ထင်နေခဲ့တာ။ ဒါပေမဲ့လည်း အနည်းဆုံးတော့ သူ့ကိုစောစောကြိုပြောပေါ့။ နှစ်နာရီအလိုမှ အသိပေးတာ ဘယ်မှာရှိလို့လဲ။

"မင်းအရင်ပြန်နှင့်လိုက်... နောက်မကျစေနဲ့နော်"

"ဒါပေမဲ့... ကျွန်တော် အစ်မရွှယ်လိနဲ့ ဒီနေ့ချိန်းထားတာရှိတယ်ရယ်..."

ဒီနေ့ ရွှယ်လိကို မိတ်ကပ်ပြင်ပေးဖို့ ကြိုချိန်းထားပြီးသား။ ရွှယ်လိက ဒီနေ့ အလွန်အရေးကြီးသည့် အင်တာဗျူးအတွက်သွားရမှာ အချိန် ရွှေ့ဆိုင်း၍လည်းမရ။

Ravenက ဂရုပင်မစိုက်ဘဲ ပြော၏

"ဒါက မင်းကိစ္စ...အဲ့တော့ကာ မင်းမလိုက်ချင်ဘူးပေါ့"

"မဟုတ်ပါဘူး။ သေချာပေါက် ကျွန်တော်လိုက်ချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် သူနဲ့ ကြိုချိန်းထားတာမလို့..."

Additional Heritage [Myanmar Translation]Where stories live. Discover now