[Sweetheart] Extra - 26

9.3K 1.2K 196
                                    


[Unicode]

[Sweetheart] Extra - 26

Chapter 131

လော့ယွဲ့ ချင်ဇီကျောင်းရဲ့အင်္ကျီပေါ် နှပ်ချေးတွေ သုတ်လိုက်ပြီးနောက်ဆုံးတော့ အများကြီး ပေါ့သွားသလို ခံစားရသည်။ သူ ချင်ဇီကျောင်းကို တစ်ချက် ဝေ့ကြည့်လို့

"အခု မင်း ငါ့ကိုလိုက်တော့မှာပေါ့"

"အင်း...ကောင်းပြီ"

"ဘာကို 'အင်း...ကောင်းပြီ'တာလဲ"

"ဘယ်လိုလိုက်ရမလဲဆိုတာ ကိုယ်မသိဘူး"

"ငါ့အပေါ် ကောင်းပေး၊ ပိုအာရုံစိုက်ပေး... ငါ အရင်က မင်းအပေါ် ဘယ်လိုပြုမူခဲ့လဲဆိုတာကို စဥ်းစားကြည့်။ ငါ မင်းကို နေ့တိုင်း စာတွေအများကြီးပို့တယ်၊ နေ့တိုင်း နွေးနွေးထွေးထွေးနေဖို့မှာတယ်..."

လော့ယွဲ့ ခပ်တိုးတိုး ဆက်ပြော၏။

"ဒါကိုတောင် မင်းက ငါ့ကိုလမ်းခွဲခဲ့‌သေးတယ်"

ချင်ဇီကျောင်းက အမြန်ပဲ စကားလမ်းကြောင်းပြောင်း၏။

"အင်း... ရပြီ။ ကိုယ်သိပြီ"

"ဘာကို ပေါက်တာလဲ"

"မင်းအပေါ်ကောင်းပေးရမယ်။ အလေးထားရမယ်"

ချင်ဇီကျောင်း အချစ်ကိုသိသွားခဲ့ဖို့ကို လော့ယွဲ့ မမျှော်လင့်ရဲခဲ့ပါ... ဒါပေမဲ့ သူ ရင်ထဲတော့ စိတ်မကောင်းဖြစ်ရတာပင်။ သူ ခေါင်းငုံ့သွားပြီး တိုးလျလျလေးနှင့်...

"ချင်ဇီကျောင်း...မင်း ငါ့ကို ဒီတစ်ခေါက်လည်း ယောင်ယောင့်အတွက်နဲ့ ထပ်လိမ်တာဆိုရင်..."

ချင်ဇီကျောင်းက အနည်းငယ် ပျာပျာသလဲနှင့်...

"ကိုယ် မင်းကို ဘယ်တုန်းကမှ မလိမ်ခဲ့ပါဘူး။ ကိုယ် မင်းနဲ့ တွဲဖို့ 'စမ်းသပ်'ကြည့်ချင်တယ်ဆိုတာ ယောင်ယောင့်ကြောင့်ချည်းပဲ မဟုတ်ပါဘူး။ မင်း ကိုယ့်ကို ကိုယ် ဘာလို့ စမ်းသပ်ကြည့်ချင်တာလဲလို့ တစ်ခါမေးဖူးတယ်လေ... မင်း ကိုယ့်အဖြေကို မှတ်မိလား"

လော့ယွဲ့ ချင်ဇီကျောင်း အဲ့တုန်းက သူ့ကို ပြန်ဖြေတာကို မှတ်မိပါသည်။ မင်းက လူကို မြင်တာနဲ့ အပိုင်သိမ်းထားစေချင်‌‌အောင်လုပ်တာကိုးတဲ့။

Additional Heritage [Myanmar Translation]Where stories live. Discover now