Chapter 48.1

15.5K 2.4K 206
                                    


Scroll down for Unicode.

[Zawgyi]

**တင်နေတုန်း error အထပ်ထပ် တက်ထားတာမလို့ Zawgyiမှာ ဖတ်လို့အဆင်မပြေတာ မပေါ်တာတွေရှိကောင်းရှိနိုင်ပါတယ်။ Rileyဘက်ကတော့ တင်ပြီး notiပါတက်ပြီးမှကို သေချာပြန်စစ်ထားပြီးပြီမလို့ တင်ထားတာမှာတော့ မှားနေတာ လိုတာမရှိပါဘူး။ Refresh လုပ်တာ ဘာညာ တစ်ချက်လုပ်ကြည့်ကြည့်ပေးပါနော်။**

Chapter 48 - "I really want to kiss you now, I really want to hold you."

"ကျွန်တော် အခု ကောကို တကယ် တကယ် နမ်းရှုပ်ချင်မိတယ်၊ တကယ်ပါ ကျွန်တော် ကောကို ဖက်ထားချင်မိတယ်"

ဝမ်းရှောင်ဟွေးအတွက်တော့ ဒီအဖြစ်အပျက်က တကယ့်ကို ဗုံးတစ်လုံး ပြင်းထန်စွာပေါက်ကွဲသွားသလိုပင် သူ့ခေါင်းထဲမှာ ဝုန်းခနဲ တုန်ခါမြည်ဟည်းသွား၏။

သူနဲ့လီရှော့? မနေ့ညက သောက်လို့ပြီးသွားတော့ ဟိုဟာဖြစ်သွားခဲ့တာလား?!

သူ ထိတ်လန့်တုန်လှုပ်မှုကြောင့် မျက်နှာတော်တော်ပျက်သွားသည်။ အပြင်ပန်းမှာ မျက်နှာမကောင်းရုံလောက်သာဖြစ်သွားပေသည့် ရင်ထဲမှာတော့ ဝုန်းဒိုင်းကြဲအော်ဟစ်နေပြီးဖြစ်သည်။

ဘယ်လို! ဘယ်လိုလုပ်ပြီးတော့!

သူ့ပထမအကြိမ်ကို သူမုန်းတဲ့လူလက်ထဲပေးအပ်လိုက်ရတာမဟုတ်ပေသည့် ဒီလိုလူနှင့်အိပ်လိုက်ရသည်က ဘာမှဖြစ်ပျက်နေစရာမလိုတာမှန်ပေသည့် သူ မနေ့ကတင် သူ့ပထမဆုံးအကြိမ်ကို လော့ရိထံအပ်နှင်းမည်ဟုစိတ်ပိုင်းဖြတ်ထားမိသည်ကြောင့် သူ လက်မခံနိုင်ဖြစ်နေမိသည်။ လီရှော့နှင့်အိပ်မိလိုက်သည်က သူ့ဘဝကို အပြောင်းအလဲကြီးဖြစ်မသွားစေနိုင်၊ သို့ပေသည့် သူ့အတွက်တော့ သူ လော့ရိအပေါ် သစ္စာဖောက်လိုက်မိသလိုဖြစ်နေသည်။

သစ္စာဖောက်တယ်လို့ပြောရလောက်အောင်ထိတော့လည်း ပြောခွင့်အပြည့်အဝမရှိ။ တကယ်တမ်းဆို သူနဲ့ လော့ရိရဲ့ဆက်ဆံရေးက ကွဲကွဲပြားပြားသတ်မှတ်လို့ရသည့်အခြေအနေမျိုးလည်းမဟုတ်၊ ဒါပေမဲ့ စိတ်ထဲမှာတော့ လော့ရိနှင့် သူ့ခံစားချက်တွေအပေါ် သစ္စာဖောက်လိုက်မိသလို ခံစားလို့နေရသည်။ နောက်တစ်ခု အဓိကက သူ လီရှော့နှင့်အိပ်ရာပေါ်ရောက်သွားသည်မှာ အတည်တကျချိန်းဆို စိတ်ပိုင်းဖြတ်လက်ခံပြီး ဖြစ်ပျက်ခဲ့ကြသည်မျိုးမဟုတ်၊ သူသာ အသိစိတ် ရှင်းရှင်းလင်းလင်းရှိနေခဲ့ရင် သူ ဒါကိုလုံးဝဖြစ်ချင်မိမှာမဟုတ်ပေ!

Additional Heritage [Myanmar Translation]Where stories live. Discover now