Chapter 97

11.5K 2.1K 232
                                    


[Unicode]

Chapter 97

ဟေမန်ဥတုကြီးစိုးဆဲကောင်းကင်တခွင်သည် အစဥ် အုံ့မှိုင်းလို့ နေခြည်ထွန်းသောနေ့ရက်ဟူသည် ရှားပါးလှစွာ။ ဝမ်းရှောင်ဟွေး အိမ်ထဲကအိမ်ပြင် မထွက်ဖြစ်ခဲ့တာ သုံးလနီးပါးရှိနေပြီကြောင့် ဖန်းယွီ့ဟွားက သူ့ကို ဟိုဟိုဒီဒီလေး လမ်းလျှောက်ရအောင် အပြင်ခေါ်ထုတ်ချင်သည်။

ဝမ်းရှောင်ဟွေး အစကတော့ မသွားချင်ဘူးငြင်းနေပေမဲ့ လော့ယွဲ့ပါရောက်လာပြီး ချော့မော့ခေါ်တော့ သူလည်း မတတ်သာတဲ့အဆုံး ခေါင်းညိတ်လိုက်ရသည်။

သူတို့ ဘာဘီကျူးကင်ဖို့ လိုအပ်သောတစ်ခါသုံးပစ္စည်းများနှင့် အသား၊ ဟင်းသီးဟင်းရွက်တွေဝယ်ပြီး ပျော်ပွဲစားထွက်ရာ အပန်းဖြေစခန်းဆီထွက်လာခဲ့ကြသည်။ မြက်ခင်းပြင်ပေါ် အခင်းစလေးချခင်း၊ စားစရာသောက်စရာတွေပြင်ဆင်၊ စပီကာလေး ဖွင့်ထား၊ ကျောခင်းချပြီး ကောင်းကင်ကြီးကို ကြည့်ကြသည်။ နေရောင်ခြည်ဆီမှ အနွေးဓာတ်သည် လေပြည်ဖြူးဖြူးနှင့်အတူ ယှက်သန်းလိုက်ပါလို့ ကြင်နာစွာထွေးပိုက်ပေးထားခြင်းကြောင့် အေးစိမ့်ခြင်းအလျှင်းမရှိ၊ သာသာယာယာလေးနှင့် နေလို့ကောင်းနေတော့၏။

လော့ယွဲ့က သန်းပြီး "ဒီလောက် သာသာယာယာရှိမယ်တောင်မထင်ထားဘူး။ ဆောင်းတွင်းမဟုတ်သလိုပဲ၊ နွေးနွေးလေး"

"နေ့လယ်ပိုင်းမလို့ပါ။ ခနနေကျ အေးလာလိမ့်မယ်" ဖန်းယွီ့ဟွားက ဝက်သုံးထပ်သားကို တစ်ဖက်လှန်ကင်ရင်း ပြောလာသည်။ သူမမျက်နှာလေး ရွှင်ပျလျက်ရှိ၏။

ဒါ ဝမ်းရှောင်ဟွေး အပြင်ထွက်ဖို့ ခေါင်းညိတ်တာကြောင့်လို့ ပြောလို့ရမလားပင်? အိမ်ခန်းကျဥ်းလေးထဲမှာပဲနေနေပြီး ပြိုလဲနေမှာကို သူမ တကယ် စိတ်ပူနေရတာ။

လော့ယွဲ့က ဘေးကိုစောင်းပြီး ဝမ်းရှောင်ဟွေးကို လှည့်ကြည့်လာ၍ "ပေါင်ပေ့၊ အေးနေလား?"

သူ့အမေးကိုကြားတော့ ဝမ်းရှောင်ဟွေး သူ့မျက်လုံးများကိုမှိတ်ထားရင်း ခေါင်းလေးခါပြပြီး "မအေးဘူး"

Additional Heritage [Myanmar Translation]Where stories live. Discover now