Chapter 88

10.2K 1.8K 412
                                    


[Unicode]


Chapter 88

လော့ရိရဲ့ အခန်းထဲအနှံ့ ရှာကြည့်ပြီးသွားပေမဲ့ ဝမ်းရှောင်ဟွေး ဘာမှရှာမတွေ့။ မနက်ဖြန် လော့ရိ အိမ်ကထွက်တဲ့အချိန်ကိုစောင့်ပြီးမှ အခြားအခန်းတွေထဲ ဝင်ကြည့်ဖို့ သူ ဆုံးဖြတ်လိုက်သည်။

အခုလို သူ့ဘက်ကအရင် အတင်းခေါ်စရာမလိုဘဲ ရောက်လာခဲ့တာအတွက် လော့ရိ အရမ်း ပျော်နေပုံရ၏။ စားပြီးတဲ့နောက် သူ့ကိုဖက်ပြီး ရုပ်ရှင်အတူကြည့်သည်။ လိမ္မော်သီးခွာပေးပြီး တစ်မွှာချင်း ခွံ့ကျွေးသည်။ ဝမ်းရှောင်ဟွေးလည်း သူ့ရင်ခွင်ထဲ ပျင်းတိပျင်းတွဲ မှီထိုင်နေလိုက်သည်။

"အိပ်ချင်ပြီလား?" လော့ရိက သူ့နားကို မေးဖျားဖြင့် ပွတ်သပ်ရင်း မေး၏။

ဝမ်းရှောင်ဟွေး ခေါင်းညိတ်လိုက်သည်။

လော့ရိက ပြုံးပြီး "ငပျင်းလေးကွာ. .စားပြီးကာစပဲရှိသေးတာကို"

ဝမ်းရှောင်ဟွေး စိတ်ရှုပ်ရှုပ်ဖြင့် မျက်စောင်းထိုးလိုက်၏။ ရုပ်ရှင်ကြည့်နေတာလဲ ဘာတွေလာလို့လာနေတယ် မသိတော့။

ဝါဖန့်ဖန့် မီးရောင်အောက် စားပွဲပေါ်မှာ သရေစာမုန့်တွေ...

သန်မာတဲ့ လက်မောင်းတွေကြား၊ တောင့်တင်းတဲ့ ရင်ခွင်ထဲတွင်...

ဖက်ထားသော ထိုရင်ခွင်ထဲ အတွေးနယ်ချဲ့နေရင်း နားထဲတွင် တီးတိုးသံတစ်ခု ထွက်လာ၏! သူ့အိမ်ကနေ ထွက်လာခဲ့တဲ့ အဲဒီနေ့က သူ့ကို လော့ရိ ပြောခဲ့တဲ့စကားကို သူ ရုတ်တရက် သတိရသွားသည်!! အဲ့တာက အခုဆို...

ဝမ်းရှောင်ဟွေး ချက်ချင်းဆိုသလို ခေါင်းတွေ ထိုးကိုက်လာတော့၏။

သူ မျက်လုံးဖွင့်လိုက်ပြီး "သွားအိပ်တော့မယ်"

လော့ရိက သူ့ပါးပြင်ဆီ အနမ်းခြွေကာ "ကျွန်တော် ချီသွားပေးရမလား"

"ဟင့်အင်း"

ဝမ်းရှောင်ဟွေး ဆိုဖာကထကာ ကိုယ့်ဟာကိုယ်ပဲ အပေါ်တက်သွားခဲ့သည်။

ဝမ်းရှောင်ဟွေး ရေချိုးတော့ လော့ရိကလည်း ထုံးစံအတိုင်း ရေချိုးခန်းထဲ လိုက်ဝင်လာ၏။ ရေပန်းမှကျဆင်းသော ရေအေးတို့အလယ်တွင် ခန္ဓာနှစ်သွယ် နှီးနှောယှက်နွယ်ကြ၏။ ရေချိုးခန်းမှသည် အိပ်ရာသို့ဆီ ရေစက်လက်အတိုင်းသား နေရာပြောင်းလုပ်ကြသည်...

Additional Heritage [Myanmar Translation]Where stories live. Discover now