Chapter 29

17.9K 2.7K 645
                                    


[ Zawgyi ]


Chapter 29 - Such a luxurious office, such a handsome and cool young president, I really want something shameful to happen.


အခုလို တန်ဖိုးကြီး ဇိမ်ခံ ရုံးခန်းကြီးမှာ ဒီလိုမျိုး ခန့်ခန့်ချောချော အမိုက်စား ဥက္ကဌငယ်ငယ်လေးရယ်... ရှက်ဖွယ်ရာ တစ်ခုခုကို သူတကယ် ဖြစ်သွားစေချင်မိသည်!


နောက်ဆုံးတော့ လော့ယွဲ့ရဲ့ အချိုပွဲကိတ်မုန့်ဆိုင်က တရုတ်နှစ်ကူးမတိုင်ခင် အကြမ်းပိုင်းတော့ပြင်ဆင်လို့ပြီးသွားပြီ။ နွေဦးပွဲတော်အတွင်းမှာ သုတ်ထားသည့်ဆေး ခြောက်သွားအောင် ပစ်ထားလိုက်ကြသည်။ နှစ်ကူးပြီးတော့မှ ဝယ်စရာရှိတာဝယ်၊ အလှဆင်တာdecoration ပိုင်းကိုအချောသတ်ပြီး ဝန်ထမ်းခန့်ရမည်။ ဒီအတောအတွင်း လော့ယွဲ့ရော ဝမ်းရှောင်ဟွေးရောနှစ်ယောက်လုံး စိတ်ရောလူရော ပင်ပန်းကြရပြီး ဝိတ်တော်တော်လေးကျသွားကြသည်။

ကျွီးရှင်းရဲ့နှစ်ပတ်လည်အစည်းအဝေးမှာ...အစည်းအဝေးဆိုပေသည့် တကယ်တမ်းတော့ ပုံမှန် စားပွဲသောက်ပွဲမျိုးဖြစ်သည်။ နှစ်ပတ်လည်အစည်းအဝေးမှာ လျိုရှင်းနှင့် ရှောင်ယန်တို့က ကျွီးရှင်းကို ပြန်လည်ဖွဲ့စည်းပြင်ဆင်ပြီးမည်ဖြစ်ကြောင်းကြေညာသည်။ စတူဒီယိုမှာရှိတဲ့လူအားလုံး သင့်တင့်လျှောက်ပတ်တဲ့ စီစဉ်ပေးမှုမျိုးရရှိမည်။ သူတို့ နောက်အလုပ်တစ်ခုပြောင်းတာမျိုးမလုပ်ချင်ရင် အသစ်ပြန်ဖွဲ့စည်းမည့် ကျွီးရှင်းမှာပဲဆက်နေချင်နေလို့ရသည်။ သူတို့လို ဝန်ထမ်းအငယ်လေးတွေအတွက်ကတော့ အထက်လူကြီးပိုင်း သူဌေးနေရာက ဘယ်သူပဲပြောင်းသွားသွား သူတို့နဲ့မည်သို့မျှမသက်ဆိုင်။ ဒါပေမဲ့ ရှောင်‌ယန်က သူ့ဘက်တော်သားတွေနဲ့သူအတူ သက်သက်ခွဲထွက်သွားမယ်ဆိုတာ သူတို့အားလုံးသိသည်။

ဒီကိစ္စတွေအားလုံးကို ရှောက်ချွင်ဆီကနေ ဝမ်းရှောင်ဟွေးဟိုးအရင်ထည်းကသိထားရပြီးသား။ Ravenထွက်သွားထည်းကစလို့ သူ ရှောက်ချွင့်ခြေသလုံးကို တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားဖြစ်သည်။ လောင်ရှီးတွေအပြောင်းအလဲဖြစ်ပြီးတဲ့နောက်မှာ သူအတွက်တော့ လူတော် တော်များများနှင့် အဆက်အသွယ် အချိတ်အဆက်ရတော့မည်ဆိုတာသိနေသည်။ တိုးတက်ဖို့အခွင့်အရေးကောင်းတွေပေါ့။

Additional Heritage [Myanmar Translation]Where stories live. Discover now