Chapter 19

15.6K 2.9K 233
                                    


[ Unicode ]

Ravenတစ်ယောက်မျက်နှာစပ်ဖြီးဖြီးနှင့် ဝမ်းရှောင်ဟွေးဆီ တရင်းတနီးနှုတ်ဆက်လာသည်

"ငါအချစ်ကလေး လာဒီကို"

ဝမ်းရှောင်ဟွေးခေါင်းထဲမှာ ဆဲရေးသံတွေလုံးဝရပ်မအောင်ကို ထွက်လာတော့သည် . . .

အခန်းထဲမှာရှိနေတဲ့လူအားလုံးက သူ့ကိုကြည့်လာကြသည်။ သူဝေ့ကြည့်လိုက်တော့ သိတဲ့လူတွေလည်းရှိသလို သူမသိတဲ့လူတွေကိုလဲတွေ့သည်။ ဒီအခြေအနေက သူ့အတွက်တော့ကျားမြှီးဆွဲထားရသလိုပဲ နေရထိုင်ရတာ ကသိကအောင်နိုင်လှသည်။ မတတ်သာတဲ့အဆုံး သူRavenနဲ့ ဥက္ကဌလော့တို့နားလျှောက်သွားလိုက်သည်

" မင်္ဂလာပါ ဥက္ကဌလော့၊ သူဌေး...ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ "

သူ Ravenကို လက်ဆောင်ထည့်ထားတဲ့အိတ်လေးလှမ်းပေးလိုက်သည်။ လက်ကိုဆန့်ပြီးပေးလိုက်ရတဲ့အချိန် ရင်တွေကတော့ အောင့်လို့နေရသည်။

Ravenလှမ်းယူလိုက်တဲ့ eye creamဈေးက ဝမ်းရှောင်ဟွေးရဲ့ တစ်လစာလခနီးနီးပေးရသည်။

Ravenကတော့ ဘာလဲလို့တောင် တစ်ချက်မကြည့်ဘဲ ဘေးမှာပစ်ထားလိုက်သည်။ Ravenက ပြုံးကာ

"ကျေးဇူးပဲ အချစ်လေးရေ... မြန်မြန်ဝင်ထိုင်လေ...လာ"

Ravenက ဥက္ကဌလော့ဘေးကနေရာကို ညွှန်ပြလာသည်။

ဥက္ကဌလော့က ဝမ်းရှောင်ဟွေးအတွက် ဘီယာတစ်ခွက်ငှဲ့ထည့်ပေးပြီး

" မတွေ့တာကြာပြီနော် Adi၊ မင်းက ငါ့ထက်တောင်အလုပ်များတာပဲ။ မင်းကိုတွေ့ရဖို့က မလွယ်လိုက်တာ"

ဝမ်းရှောင်ဟွေး ဘီယာခွက်ကိုလှမ်းယူလိုက်ကာ ပြုံးပြမနေတော့ဘဲ ပြောလိုက်သည်

" ဥက္ကဌက ပိုက်ဆံတွေအများကြီးရှာနေလို့ အလုပ်များတာ။ ကျွန်တော်က ဟိုးအောက်ခြေအဆင့်မျိုးမှာ ငြီးငွေ့ဖို့ကောင်းတဲ့အလုပ်ကိုလုပ်နေရင်း တစ်ချိန်လုံးအလုပ်ရှုပ်နေတာပါပဲ။ Cheerပါ"

သူ တုန့်ဆိုင်းမနေဘဲ တစ်ကျိုက်ထဲနှင့် တစ်ခွက်လုံးကုန်အောင်မော့သောက်လိုက်သည်။

Additional Heritage [Myanmar Translation]Where stories live. Discover now