Scroll down for Unicode.[Zawgyi]
Chapter 47 - "Can you see who I am!"
"ကျွန်တော်ဘယ်သူလဲဆိုတာမြင်ရပြီလား!"
လီရှော့က သူ့ဆံပင်တို့ကိုပွတ်သပ်လာကာ
"မင်း အများကြီးလျှောက်တွေးနေမိပြီ။ ခံစားချက်တွေဆိုတာ အရှုပ်ထွေးဆုံးသောအရာတွေပဲ၊ ခံစားချက်တွေကိုသာ ချိန်တွယ်တွက်ချက်နိုင်မယ်ဆို ကမ္ဘာပေါ်မှာ ဒီလောက်ထိများပြားလှတဲ့ပျော်ရွှင်မှုတွေ၊ဝမ်းနည်းမှုတွေ ဘယ်ရှိတော့မှာလဲ။ စိတ်ခံစားချက်နဲ့ဆိုင်တဲ့ကိစ္စတွေကို ဘယ်သူမှရှင်းရှင်းလင်းလင်းကွဲပြားအောင်မခွဲခြားနိုင်ဘူး။ အဲ့တာကြောင့် မင်းခံစားချက်တွေကရှုပ်ထွေးနေပါတယ်ဆိုတာပုံမှန်ကိစ္စပါပဲ"
ဝမ်းရှောင်ဟွေး အင်တင်တင်ပြုံးလိုက်သည်
"အစ်ကိုလီက တကယ်လူကိုနှစ်သိမ့်ပေးတတ်တယ်"
လီရှော့ သူ့ကိုယ်သူရယ်မိသည်
"ကိုယ်က အခု မင်းကိုနှစ်သိမ့်ပေးရုံပဲတတ်နိုင်တယ်"
ဝမ်းရှောင်ဟွေး သူ့ဝိုင်ခွက်ကိုမြှောက်လိုက်သည်
"ဒီစကားတွေအတွက်ရော၊ ပြောပေးတဲ့အစ်ကိုလီ့ကိုရော ချီးမြှောက်တဲ့အနေနဲ့ ခွက်ချင်းတိုက်ပါတယ်"
လီရှော့က ခွက်ချင်းတိုက်လာသည်။
"သီချင်းမဆိုဘူးလား?"
အရက်လေးတစ်ခွက်နှစ်ခွက်လောက်သောက်လိုက်ပြီးနောက်မှတော့ ဝမ်းရှောင်ဟွေးစိတ်ခံစားချက်တို့က ပြန်လည်နိုးထလာသည်။
လီရှော့က ပြုံးပြီးပြော၏
"သွားလေ၊ အရင်ဆိုနှင့်"
ဝမ်းရှောင်ဟွေး အင်္ကျီလက်ခေါက်တင်ကာ သီချင်းဆိုဖို့သီချင်းသွားပြောထားလိုက်သည်။ သူဆိုမည့်ကိစ္စပြောပြီးလို့နောက်ကိုလှည့်ကြည့်လိုက်တော့ သူ့ထိုင်ခုံမှာ ကောင်လေးတစ်ယောက်ဝင်ထိုင်နေတာကိုတွေ့လိုက်ရသည်။ ထိုကောင်လေးက လီရှော့နှင့်ကြည်ကြည်နူးနူးစကားပြောနေလေ၏။ လီရှော့လိုလူမျိုးက ဘယ်နေရာသွားသွား အားလုံး၏အာရုံကိုဖမ်းစားနိုင်ကြသည်။ ယောက်ျား၊မိန်းမ၊ကလေးအားလုံး၏ စိတ်အာရုံတည်ရှိမှုအလယ်ကို အလိုလိုရောက်သွားတတ်ကြသည်။ သူ့အကြောင်းသူအတွေးဝင်မိပြန်တော့ သူ့ကိုယ်သူလည်းတကယ်ကိုအံ့အားသင့်မိသည်၊ သူ ဘယ်လိုလုပ်ပြီးများ ဒီလိုလူတစ်ယောက်ကို ငြင်းလိုက်နိုင်တာလဲ...