[Unicode]
[Sweetheart] Extra - 13
Chapter 119
ညစာစားပြီးနောက် ချင်ဇီကျောင်းက လော့ယွဲ့ကို အခြား ဘယ်လျှောက်လည်ချင်သေးလဲ မေးသည်။ လော့ယွဲ့က စိတ်ပူစွာဖြင့် သူ့အားမေးလိုက်သည်
"မင်း စာလုပ်ဖို့ ပြန်စရာမလိုဘူးလား"
"ကိစ္စမရှိပါဘူး။ အခုချိန်မှာ စာလုပ်လုပ် မလုပ်လုပ် ဘာမှ ပြောင်းလဲနိုင်တာမှမဟုတ်တာ"
"အဆင့်တွေကောင်းတယ်ပေါ့လေ"
လော့ယွဲ့လို ရွှယ်ကျားမျက်လုံးထဲတော့ ဒီလိုစကားတွေက အဆင့်ကောင်းတဲ့လူတွေဆီကပဲ ထွက်တတ်၏။
[Note - XueZha /学渣 ဆိုတာ အလွယ်ပြောရရင် XueBa နဲ့ဆန့်ကျင်ဘက်ပါပဲ။ စာညံ့သူ။]
ချင်ဇီကျောင်းက ပခုံးတွန့်လို့
"ဒီလိုပါပဲ"
"အဲ့လိုဆိုလဲ မင်း စောစောပြန်ပြီး နားသင့်တယ်။ မင်းအိမ်က ဒီကနေဆို တော်တော်လေး လှမ်းတဲ့ဟာ အိမ်ရောက်ရင် ဆယ်နာရီလောက်ဖြစ်နေပြီ"
အများလိုပါပဲ။ လော့ယွဲ့လည်း စာမေးပွဲဖြေရမည့်ကျောင်းသားက အဖိုးထိုက်တန်လှပါ၏။ သူ ချင်ဇီကျောင်းနှင့် ၂၄နာရီ တနေကုန် အတူရှိနေချင်သော်လည်း နည်းနည်းတော့ ရင့်ကျက်ရဦးမည်လေ။
"ဟုတ်ပြီလေ... အဲ့တာဆို ကိုယ် မင်းကို အရင် ပြန်လိုက်ပို့မယ်"
ချင်ဇီကျောင်းက သူ့ဖုန်းကိုထုတ်ပြီး ဒရိုင်ဘာကို ခေါ်လိုက်သည်။
"ဟင့်အင်း။ ငါ့အိမ်က ဒီကနေဆို မဝေးလှပါဘူး။ တက္ကစီပဲ စီးသွားလိုက်မယ်"
"ကိုယ် ပြန်လိုက်ပို့မယ်" ချင်ဇီကျောင်းအသံက ဆွေးနွေးအထွန့်တက်ခြင်းတို့ လုံးဝခွင့်မပြု။
အနည်းငယ် စိတ်ထဲမသက်မသာဖြစ်သွားရပေမဲ့ လော့ယွဲ့ အလွန်ပဲ ပျော်ရတာပင်။ ချင်ဇီကျောင်းကြည့်ရတာ အေးအေးစက်စက်ကြီးပင်မဲ့လို့ တကယ်တမ်း သူ့ကို တော်တော်လေး ဂရုတစိုက်ရှိသည်။
တအောင့်လောက်နေတော့ ဒရိုက်ဘာက ကားနှင့်ရောက်လာသည်။ နှစ်ယောက်သားလည်း ကားပေါ်တက်လိုက်ပြီး လော့ယွဲ့အိမ်သို့ ရှေ့ရှုခဲ့သည်။