Chapter 20

18.1K 2.9K 933
                                    


[ Unicode ]


Chapter 20 - Such a nice voice, but the sound made people shudder

အသံလေးက ချိုသာနေပေမဲ့ လူကို သိမ့်သိမ့်တုန်စေတယ်

သူရဲကောင်းကြီးက အလှလေးကို လာကယ်တာတွေ့လိုက်ရတော့ ဝမ်းရှောင်ဟွေးရင်ထဲထိသွားရတော့သည်။ သူရဲကောင်းကြီရယ် ဒီဝက်ပုတ်ကိုသတ်ပစ်လိုက်စမ်းပါ။

ဥက္ကဌလော့ကလည်း ကျော့ကျော့မော့မော့ ဟိတ်နဲ့ဟန်နဲ့နေတဲ့လူဆိုတော့ အရမ်းအများကြီးသောက်ထားပြီးရင်တောင် လူရှေ့သူရှေ့ နှာခေါင်းရှုံ့ခံရမဲ့ကိစ္စမျိုးလုံးဝမလုပ်။ ဒါပေမဲ့ အခုသူ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ ခြိမ်းခြောက်တာကိုခံလိုက်ရသည်.... သူတစ်ခုခုတုန့်ပြန်လိုက်ရင်လည်း မျက်နှာပျက်ရဦးမယ်။ သူဒေါကန်သည့်လေသံနှင့်ပြောလိုက်သည်

" ငါက သူ့ကိုအိမ်ပြန်ပို့ပေးရုံပဲ။ စကားကိုဘယ်လိုယဥ◌်ယဥ◌်ကျေးကျေးပြောရမယ်ဆိုတာမသိဘူးလား? "

ဥက္ကဌလော့ပါးစပ်ကနေ အရမ်းလူကြီးလူကောင်းဆန်တဲ့စကားတွေထွက်လာပေမဲ့ သူ့လက်ကတော့ ဝမ်းရှောင်ဟွေး ခါးဆီမှာရှိနေဆဲ

လော့ရိ မတုန်မလှုပ်နှင့်ပြန်ပြောသည်

" မသိဘူး "

အဲ့နောက် သူခြေလှမ်းကျဲကျဲတွေနှင့် ပြေးလာကာ လက်သီးကိုမြှောက်ပြီး ဥက္ကဌလော့မျက်နှာကို ထိုးလိုက်သည်။

အဲ့နောက် သူ လွှဲကနေ ပြေးဝင်လာပြီး လက်သီးမြှောက်ကာ ဥက္ကဌလော့မျက်နှာကို ထိုးချလိုက်သည်။

ဥက္ကဌလော့ ဖြည်းဖြည်းလေး တုန့်ပြန်လာပြီး လက်သီးဆုတ်လိုက်သည်။

ဝမ်းရှောင်ဟွေးက သူ့ရှေ့မှာဖြစ်သွားတဲ့အဖြစ်အပျက်ကို အနှေးပြကွက်အနေနှင့်ကြည့်လိုက်ရသလိုပင်။ သူကြည့်နေတုန်း လော့ရိလက်သီးပြန်ကြီးက ဥက္ကဌလော့မျက်နှာဆီရောက်သွားပြီးနောက် ဥက္ကဌလော့တစ်ယောက် အဝေးကို လွင့်ထွက်သွားတော့သည်။ ချက်ချင်းဆိုသလို ဥက္ကဌလော့မျက်လုံးအိမ်ကိုကြည့်လိုက်တော့ ရီဝေလို့နေကာ မျက်သားတွေရော နှာခေါင်းနဲ့နှာဖူးရောက နီရဲလို့နေတော့သည်။ စို့နေတဲ့ချွေးစေးတွေတောင် ထိုထိုးချက်ကြောင့် လေထဲမှာ အငွေ့ပျံလို့သွားရသည်။

Additional Heritage [Myanmar Translation]Where stories live. Discover now