[Sweetheart] Extra - 18

6.5K 1.2K 322
                                    


[Unicode]

[Sweetheart] Extra - 18

Chapter 124

နှစ်ယောက်သား တင်းတင်းကျပ်ကျပ် ဖက်တွယ်လို့ နှစ်ခြိုက်စွာ အိပ်စက်ခဲ့ကြသည်။

နောက်နေ့နံနက်မှာတော့ လော့ယွဲ့က အရင် နိုးလာခဲ့သည်။ သူက မနက်စောထတာ အကျင့်ဖြစ်နေပြီ။ ပုံမှန်ဆို သူ မျက်နှာထသစ်၊ ပြင်ဆင်စရာရှိတာရှိပြင်ဝတ်စားပြီး မနက်စာဆင်းလုပ်နေကျ။ သို့ပေမဲ့ ချင်ဇီကျောင်းက သူ့ဘေးမှာ လှဲလျောင်းလျက်ရှိသည်မို့ ဒီမျက်နှာကို တစ်နေ့လုံးထိုင်ကြည့်နေဆိုလည်း ထိုင်ကြည့်နေနိုင်သည်မို့ သူ့မှာ ဘယ်လိုမှ ထမသွားရက်နိုင်။ သူ ချင်ဇီကျောင်း၏ ပြီးပြည့်စုံသော မျက်ခုံး မျက်လုံးအလှတရား ကို အတန်ကြာ ငေးစိုက်ကြည့်နေမိရင်း တိတ်တခိုး ထိတွေ့လိုက်‌မိသေးသည်။ သူ နောက်ဆုံး မထချင်ထချင်နှင့် ကုန်းရုန်းထတော့ အချိန်က ရှစ်နာရီတောင် ရှိတော့မည်ဆိုမှ နှမြောတသဖြင့်ထရတော့သည်။

သူလည်းအထ၊ ချင်ဇီကျောင်းက မျက်လုံးပွင့်လာသည်။

လော့ယွဲ့ ကိုယ်လက်သန့်ရှင်းရေးလုပ်ပြီးတော့ သူ မီးဖိုချောင်ဆီဆင်းသွားပြီး မနက်စာလုပ်သည်။ သူ ထမင်းစားပွဲဆီ မနက်စာ ပြင်ဆင် ချအပြီး ချင်ဇီကျောင်းလည်း ကွက်တိပင်ဆင်းလာသည်။

လော့ယွဲ့က အပြုံးလွင်လွင်ကို လှစ်ဟပြ၍

"ထပြီလား။ ဘာလို့ နည်းနည်းလောက် ပိုမအိပ်တာလဲ"

"စာမေးပွဲပြီးသွားတော့ နေ့လည်လောက်ထိကို အိပ်ပစ်တာ။ အခုတော့ ပြန်ဖြည့်တင်းလို့ ပြည့်လောက်ပြီ ထင်တာပဲ "

"ဟားဟား... ငါ အထက်တန်းဖြေပြီးစတုန်းကလည်း အဲ့လိုပါပဲ။ အိပ်ရေးမဝခဲ့သမျှကို အတိုးချအိပ်ပစ်မယ်ဆိုပြီး ကြုံးဝါးထားတာ ဒါပေမဲ့ ရက်နည်းနည်းလောက်နေတော့ ဘယ်လိုမှ မခံစားနိုင်တော့ဘူး"

လော့ယွဲ့က လက်ယက်ခေါ်ပြီး

"လာ...မနက်စာလာစား"

ချင်ဇီကျောင်း ထမင်းစားပွဲဆီလျှောက်လာတော့ လော့ယွဲ့က မနက်စာကို တကယ့်ကိုသေချာလေး အားစိုက်ထုတ် ပြင်ဆင်ထားတာကို တွေ့လိုက်ရသည်။ အသည်းပုံ ကြက်ဥမွှေကြော်အလည်မှာ ခါကြက်ဥကို အချောင်းလေးတွေလုပ်ပြီး အပြုံးမျက်နှာပုံစံ ပြင်ဆင်ထားသည်။ မနေ့ညက နည်းနည်း ကျန်တဲ့ ထမင်းကို ရေညှိနှင့်လုံးထားသည့် ပန်ဒါပုံစံ ရေညှိထမင်းလုံး၊ သခွားသီးကို ဝါးဆစ် အဆစ်လိုက်အဆစ်လိုက်ပုံစံဖော်ပြီး ပန်းကန်မှာ အလှဆင်ထားသည်။ အသားလုံး ကြော်က ဟင်းကျန်ဖြင့်အနားသတ်ထုပ်ထားကာ ကီဝီသီးနှင့် ခရမ်းချဥ်သီးတို့ကိုလှီးပြီး ပန်းပွင့်နီနီနှင့် သစ်ရွက်စိမ်းသဏ္ဍာန်ပြင်ဆင်ကာ ကွေကာဆန်ပြုတ်ထဲ ပေါလောပေါ်နေသော စားလို့ရသည့် ပန်းပွင့်လေးအဖြစ်လုပ်ထားပုံက အမြင်နှင့်တင် လူကို စားမြိန်နေစေသည်။

Additional Heritage [Myanmar Translation]Where stories live. Discover now