Chapter 3

27.3K 4K 350
                                    


[ Unicode ]

Edited ver.

Chapter 3

ကောင်လေးက လက်ကို အိတ်ကပ်ထဲထည့်ထားရင်း သူ့နောက်မှ ရပ်နေပြီး နူးညံ့လှသည့် ကလေးမျက်နှာလေးပေါ်မှာ အပြုံးရေးရေးလေး ပေါ်လာသည်...

အလုပ်ဆင်းပြီးချိန်မှာ သူတို့နှစ်ယောက်လုံး ရုံးခန်းခေါ်ပြီး ဆူခံထိတော့သည်။ ပြီးတော့ ယွမ်ငါးရာစီ လစာထဲက အဖြတ်ခံလိုက်ကြရသည်။ သူတို့တစ်ပတ်လုံးလုံး အလုပ်လုပ်ရတာ အလကားသာ ဖြစ်တော့မည်။

ဝမ်းရှောင်ဟွေး စတူဒီယိုထဲက ထွက်လာလိုက်တော့ တစ်ကိုယ်လုံးက အားမရှိတော့သလို ခံစားရသည်။ ခြေလှမ်းတွေက လေးကန်လို့နေသည်။ ဒီနေ့က သူ့အတွက်တော့ ပြဿဒါးနေ့ တူပါ၏။ မျက်လုံးနှစ်လုံးဖွင့်လိုက်ပြီးကတည်းက ယခုထိ နာကျင်နေရသည်။ သူ ပိုက်ဆံခြွေတာချင်ပေမယ့် စိတ်မထိန်းနိုင်ဘဲ တက္ကစီသာငှားလိုက်သည်။

ယိုင်တိယိုင်နဲ့နှင့် အိမ်ပြန်ရောက်တော့ အိမ်ထဲက ပျံ့လွင့်လာသည့် ဟင်းရနံ့ကို သူ့နှာခေါင်းက ရသည်။ ဒီပုံမှန်ဖြစ်ပြီး ရိုးစင်းသော၊ ပုံမှန်ဆိုလျှင် သူ့ဆီက စိတ်ဝင်တစား အာရုံထားမှုကို ဘယ်လိုမှ မရနိုင်သော အနံ့အရသာတို့က ယခုတွင်မူ သူ့အား သာမန်နှင့်မတူ တမူထူးစွာ ရင်ထဲထိစေသည်။ အကြောင်းမှာ ဒီနေ့မနက်ကနေ ယခုထိ သူ့ ဦးနှောက်အတွေးထဲတွင် လော့ရာရာချည်းပင် ပြည့်နှက်နေခြင်းကြောင့်ပင်။ ငယ်စဉ်အရွယ်မှာ ဖခင် ဆုံးပါး၊ မိခင်၏ပစ်ပယ်ခြင်း ခံရ၊ ဆယ်နှစ်ကျော်လေးနှင့် အိမ်ကထွက်ပြီး အလုပ်လုပ်၊ နောက်ဆုံးမှာ ငယ်ငယ်ရွယ်ရွယ်နှင့် ဘဝကိုအဆုံးသတ်သွားရသည့် လော့ရာရာချည်းပင် ပြည့်နှက်လျက်။ ဒီလို သာမန်ဆန်သော ပျော်ရွှင်ကံကောင်းခြင်းက သူ ငွေဘယ်လောက်ပင်သုံးသုံး မရရှိနိုင်သောအရာပင်ဖြစ်ပေ၏။

သူ အိမ်တံခါးဖွင့်ဝင်သွားလိုက်တော့ ဖုန်ယွဲ့ဟွာအသံက မီးဖိုချောင်ထဲကနေ ထွက်လာသည်။

"ယုန်ပေါက်လေး၊ ဖိနပ်ချွတ်ပြီးမှ အိမ်ထဲဝင်"

"သိပါပြီ"

Additional Heritage [Myanmar Translation]Where stories live. Discover now