Chapter 41

15.8K 2.3K 520
                                    


Scroll down for Unicode. ပါကိုပါပါတယ်။


[Zawgyi]

Chapter 41 - Luo Rui said: "Actually, I know what you think, I fully understand."

လော့ယွဲ့ကပြောလာသည် : "တကယ်တော့ မင်းဘာကိုတွေးနေလဲဆိုတာငါသိတယ်၊ ငါ အပြည့်အဝနားလည်တယ်"


ဝမ်းရှောင်ဟွေး သူ့ခြေထောက်တွေပျော့ညွတ်ပြီး ခွေကျသွားမှုဆိုးလို့ နံရံကိုမှီထားရသည်။ အခြားတွေကဘယ်လိုဆိုတာသူမသိပေသည့် သူ့နှလုံးသား၏နက်ရှိုင်းလှသည့်နေရာတစ်နေရာကနေတော့ အခုလို ခံစားချက်ကို ရွံ့ဆုတ်မှုမရှိ ယောက်ျားပီသမှုအပြည့်နှင့် ရဲတင်းပွင့်လင်းစွာထုတ်ဖော်လာသည့်ချစ်ရေးဆိုမှုမျိုးနှင့်ပတ်သက်လို့ အကြိမ်ကြိမ်စိတ်ကူးယဉ်ခဲ့ရသည်။ သူ့ရှေ့မှာထိုင်နေတဲ့လူက ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဆိုရင်တောင် သူ ဒါကို မျက်ကွယ်မပြုနိုင်။

သူ့ခေါင်းထဲ အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီး သူအမေရိကားကိုထွက်မလာခင်တုန်းက သူနှင့်လီရှော့တို့ ဝိုင်အတူထိုင်သောက်ကြတုန်းကအခိုက်အတန့်ကို ဖျတ်ခနဲသတိရသွားသည်။ သူ အရင်ကပြောခဲ့ပြီးသလိုပဲ၊ လီရှော့သာ လော့ရိ့လိုမျိုး ပြတ်ပြတ်သားသားရှိမယ်ဆို...

သူ ခေါင်းအသည်းအသန်ခါလိုက်ပြီး ထိုကဲ့သို့ နှိုင်းယှဉ်တွေးဆနေမိတာကို သူ့ကိုယ်သူတားဆီးလိုက်ပြီးနောက် တံခါးဖွင့်လိုက်သည်

"ငါ ငါ့အတန်းဖော်တစ်ယောက်နဲ့သွားအိပ်လိုက်မယ်။ ကျေးဇူးပြုပြီး စိတ်ကိုတည်ငြိမ်သွားအောင် အေးအေးဆေးဆေးနေနေလိုက်"

လော့ရိပြောသည်

"ရှောင်ဟွေးကော၊ ကော အခုထွက်သွားလည်း မနက်ဖြန်ကျရင် ကော ကျွန်တော်နဲ့မျက်နှာချင်းဆိုင်ရမှာပဲ"

ဝမ်းရှောင်ဟွေး ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ဒေါသထွက်လာတော့သည်

"ဒါဆို မင်းဘာဖြစ်ချင်တာလဲ?"

"ကျွန်တော် ကောကိုကြိုက်တယ်လို့ပြောလိုက်ပြီ၊ ကောဘယ်လိုတွေးလဲဆိုတာ ကျွန်တော်သိချင်တယ်"

Additional Heritage [Myanmar Translation]Where stories live. Discover now