Chapter 86

13.4K 2K 380
                                    


[Unicode]

Chapter 86

ဖန်းယွီ့ဟွားကို အိမ်ပြန်ပို့လို့ပြီးတော့ လော့ရိဆီမှ အိမ်လာခဲ့ဖို့ သတိပေးတဲ့ message ဝမ်းရှောင်ဟွေးဖုန်းဆီ ဝင်လာသည်။ ဝမ်းရှောင်ဟွေး ထိုတော့မှ အချိန်တစ်ပတ်ရှိသွားပြီမှန်း သတိရတော့သည်။ ဒါပေမဲ့ သူ သွားလိုက်ရမလား မသွားရကောင်းမလား တွေဝေနေမိသည်။ အခု သူ သွားလိုက်လို့ သူ့မျက်နှာမြင်တာနှင့် ဘာဖြစ်လာတယ်ဆိုတာ လော့ရိဆီမှာ အကုန် ပေါ်မှာပင်။ ဒါပေမဲ့ မသွားပြန်ရင်လည်း လော့ရိက မသင်္ကာနံ့ရပြီး သူ့ကိုလာခေါ်ဖို့ အိမ်ထိပေါက်ချလာလိမ့်မှာ အသေအချာ။ သူ တအောင့်မှ ချီတုံချတုံဖြစ်နေပြီးနောက် 'လော့ယွဲ့ဆိုင်မှာ တစ်ခုခုဝင်စားဦးမယ်၊ ပြီးမှ ပြန်လာမည်'ဟု messageပြန်ပို့လိုက်သည်။

သူ စိတ်ပြန်ငြိမ်အောင်ထားဖို့ အချိန်လိုသည်၊ နောက်ပြီး လော့ယွဲ့ရဲ့ မုန့်လေးတွေ မစားရတာလည်း နှစ်နှစ်တောင်ရှိပြီမို့ သူ လော့ယွဲ့ဆိုင်ဘက် ထွက်လာခဲ့လိုက်သည်။

သူ လော့ယွဲ့ဆိုင်ကိုရောက်သွားတဲ့အချိန် ဆိုင်က သိမ်းဖို့တောင်လုပ်နေကြပြီ။ သူ့ကို တွေ့တော့ လော့ယွဲ့က အနည်းငယ် အံ့အားသင့်သွားပြီး "မင်း ဒီနေ့ အန်တီနဲ့ shoppingမသွားဖြစ်ဘူးလား?"

"ပတ်ရတာလည်း အကြာကြီးဆိုတော့ ခြေကုန်လက်ပန်းကျပြီလေ၊ အိမ်ပြန်ပို့ခဲ့လိုက်ပြီ"

ဝမ်းရှောင်ဟွေး ဆိုင်ထဲ လျှောက်ကြည့်မိသည်၊ တစ်ဆိုင်လုံးက လွန်ခဲ့တဲ့ နှစ်နှစ်ကနှင့် ဘာမှ အပြောင်းအလဲမရှိ။ ဆိုင်ထဲမှာ ကော်ဖီနံ့သင်းသင်းလေးရယ် မုန့်တွေဆီမှ ချိုမြမြမွှေးရနံ့တို့က အစဥ် ထုံသင်းလို့ ဆိုင်ထဲဝင်သွားတာနှင့် လူကို စိတ်လက် ကြည်သာသွားစေသည်။ ထိုမျှမက နှလုံးသားကိုပါအပါ ပိုင်ရှင်လေးလိုအတိုင်း နူးညံ့လာစေတော့သည်။

"မင်း ငါ့လက်ရာတွေ မစားရတာ တော်တော်ကြာပြီဟုတ်။ ဘာစားချင်လည်း? မုန့်အသစ်တွေ မြည်းကြည့်မလား?"

ဝမ်းရှောင်ဟွေး ခေါင်းခါပြီး အပြုံးလေးဖြင့် "ငါ့အကြိုက်ဆုံး strawberry cheesecakeလေးပဲ"

Additional Heritage [Myanmar Translation]Where stories live. Discover now