[ Unicode ]
Chapter 24 - Luo Yi's hands crossed his armpits and knees, and directly hugged him.
လော့ရိ သူ့ လက်မောင်းနဲ့ ဒူးအောက်ကိုလက်လျှိုလိုက်ပြီး သူ့ကိုပွေ့ဖက်လိုက်သည်။
ဝမ်းရှောင်ဟွေးအတွက် ဗြဟ္မာကြီးဦးခေါင်းပိုက်ထားရသလိုခံစားရကာ သေနတ်ကို ဘူးထဲပြန်ပစ်ထည့်လိုက်သည်။
လော့ရိက ပြုံးကာ
" နောင်တရပြီလား? "
ဝမ်းရှောင်ဟွေး မယုံနိုင်. . .
" သူ ဘာလို့များဒီလိုဟာကြီးကို မင်းအတွက်ဆိုပြီးပေးရတာလဲ? "
လော့ရိ ထေ့တေ့တေ့နှင့်ပြုံးကာ
" သူ့သားကိုလည်း သူ့အတိုင်း ဝံပုလွေတစ်ကောင်လို ကောက်ကျဲစဥ◌်းလဲနေရမယ်လို့တွေးလို့နေမှာပေါ့ "
လော့ရိ ဘူးကိုပြန်ပိတ်လိုက်ပြီး
" ဒီအကြောင်း အခြားမှာလုံးဝမပြောနဲ့နော် "
" သေချာပေါက်ပေါ့။ ဒါတရားမဝင်တဲ့ဟာကြီးကို! "
လော့ရိ ဘူးကို အဝေးကိုပစ်ပေါက်လိုက်ကာ စကားလွှဲပြောလာသည်
" ကောပေးမဲ့လက်ဆောင်ဆိုတာ ကျွန်တော့်ကိုပြဦးလေ "
ဝမ်းရှောင်ဟွေး သူ အသေအချာပြင်ဆင်ထားရတဲ့ မွေးနေ့ပွဲကို အပျက်မခံနိုင်တာနဲ့ပဲ သူ ထပ်မမေးနေတော့ဖို့ ဆုံးဖြတ်လိုက်သည်။ သူလက်ဆောင်ကိုယူလိုက်ပြီး လော့ရိ့မျက်နှာကို ဘယ်လိုများပြန်တုံ့ပြန်မည်ကို မျှော်လင့်တကြီးနှင့်ကြည့်ကာ လက်ဆောင်ဘူးကို လော့ရိမျက်စိရှေ့အရောက်ပို့လိုက်သည်။
လော့ရိ လက်ဆောင်ဘူးကိုဖွင့်ကြည့်လိုက်တော့ အထဲမှာ အပြေးဖိနပ်တစ်ရံကိုတွေ့လိုက်သည်။
ဝမ်းရှောင်ဟွေး ပြုံးပြီးပြောသည်
" မင်း ဘာတွေလိုနေလဲဆိုတာ ငါမသိဘူးရယ်။ မင်းက နေ့တိုင်းပြေးပြီးလေ့ကျင့်ခန်းလုပ်နေတာဆိုတော့ ဘာပဲဖြစ်ဖြစ် ဖိနပ်တစ်ရံကတော့ အမြဲလိုနေမှာပဲလေ "
လော့ရိက လေးလေးနက်နက်နှင့်ပြောသည်
" ကျွန်တော် အရမ်းကြိုက်တာပဲ။ ကျေးဇူးတင်ပါတယ် "