Scroll down for Unicode.
[ Zawgyi ]
" ငါ ကြားထားတာတော့ အရမ်းကြီးတယ်တဲ့ "
ကိစ္စတွေအားလုံးက ရှောက်ချွင်မျှော်မှန်းထားသည်အတိုင်း ဖြစ်ပျက်လာခဲ့သည်။ တစ်နည်းပြောရရင်တော့ ရှောက်ချွင်နဲ့ ဥက္ကဌလော့တို့ စီစဉ်ထားသည်အတိုင်း ဖြစ်ပျက်လာခဲ့သည်ပေါ့။
ထိုအဖြစ်အပျက်တွေအပြီးလဝက်လောက်ကြာတော့ Ravenတစ်ယောက် ကျွီးရှင်းဆီပြန်ပေါက်ချလာတော့သည်။ မျက်နှာကလည်း ဖြူဖျော့်လို့နေပြီး တော်တော်လေးပင်ပန်းထားရပုံပေါ်သည်။ မိတ်ကပ်တွေအထူကြီးလိမ်းထားပေသည့် ညိုမည်းနေတဲ့ မျက်ကွင်းညိုတွေကိုတော့ ဖုံးကွယ်မထားနိုင်။ သူ ဝန်ထမ်းအားလုံးကို စုခေါ်လိုက်ပြီး သူ Shenduမှာရှိနေခဲ့ကြောင်း တည်တည်ငြိမ်ငြိမ်နှင့်ပြောလာသည်။ သူ့သူငယ်ချင်းတစ်ယောက်က သူနဲ့အတူ အလုပ်တွဲလုပ်ချင်တယ်လို့ ဖိတ်ခေါ်လာလို့ သူ နောက်ဆိုင်တစ်ဆိုင်ပေါင်းဖွင့်ဖြစ်ဖို့စီစဉ်ထားကြောင်းပြောသည်။
ဝမ်းရှောင်ဟွေး Ravenကိုကြည့်လိုက်တဲ့အခါ သူ့ရင်ထဲမှာ ဘာမှမခံစားရ။ သူ ဒီလူနှင့်ပတ်သက်လို့ တော်တော်လေးကို စိတ်ပျက်ခဲ့ရပေသည့် သူ့ကို အင်တာဗျူးအအောင်ပေးပြီး ဒီလိုပညာရှင်တွေစုနေတဲ့နေရာဆီ ခြေချခွင့်ပေးခဲ့သည်ကို သူလုံးဝမမေ့ပစ်လိုက်နိုင်။ တစ်ချိန်တစ်ခါက သူ့အပေါ် လေးစားကြည်ညိုခဲ့ရသည့်ကိုလည်း သူမှတ်မိနေသေးသည်။ လူတွေကတော့ လေးစားကြည်ညိုတာနဲ့ နားလည်သိတတ်တာက အခြားနားဆုံး ခံစားချက်နှစ်ခုရယ်လို့ဆိုကြပေမည့် တကယ်တမ်းတော့နီးနီးစပ်စပ်ရှိတဲ့ခံစားချက်တွေပါ။ တော်တော်လေးကို အဆင်မပြေဖြစ်ရသည်။
Ravenက မပြန်ခင်လေး သူ့ကို ရုံးခန်းထဲအခေါ်ရှိလာသည်။ စီးကရက်တစ်လိပ်ဖွာလျက် ဝမ်းရှောင်ဟွေးကို ပေါ့ပေါ့ပါးပါးပဲ ပြောလာသည်။
" ထိုင်လေ "
ဝမ်းရှောင်ဟွေး ကြောက်ကြောက်နှင့်ပဲ ဝင်ထိုင်လိုက်သည်။
" ငါ နောက်အပတ်ထဲမှာ ရှန်ဟိုင်းကို သွားတော့မယ်။ လက်မှတ်လည်း ကြိုဘိုကင်တင်ထားပြီးပြီ "