Chapter 6

22.1K 3.8K 638
                                    


[ Unicode ]

Edited ver.

Chapter 6- "What kind of man do you like?"

"ကောက ဘယ်လိုလူမျိုးကို ကြိုက်တာလဲ"

ဝမ်းရှောင်ဟွေးတစ်ယောက် ရေချိုးပြီးတော့ လော့ရိ၏ ညအိပ်ဝတ်စုံကိုဝတ်ပြီး ထွက်လာသည်။ လော့ရိကတော့ လော့ရာရာ အခန်းမှာ ရေသွားချိုးတာ ပြန်ရောက်မလာသေး။ ဝမ်းရှောင်ဟွေး အားမနာတော့ဘဲ နှစ်မီတာအရှည်ရှိသည့် လော့ရိ အိပ်ရာကြီးပေါ်ကို ဗုန်းကနဲ ပစ်လှဲလိုက်သည်။ အိပ်ရာက လှဲရတာ နူးညံ့အိစက်လိုက်တာမှ ဇိမ်ပင်။

သူ ခါးကိုဆန့်၊ ဘယ်ညာ နှစ်ချက်လှည့်ပြီးမှ ခြေထောက်တွေကိုမြှောက်ရင်း လေထဲမှာ စက်ဘီးစစီးသည်။

လော့ရိ ရေချိုးပြီး အခန်းထဲပြန်ဝင်လာတော့ ဝမ်းရှောင်ဟွေးတစ်ယောက် ခြေထောက်ဖြူဖြူလေးနှစ်ချောင်းကို လေပေါ်ထောင်ထားလျက် လေ့ကျင့်ခန်းလုပ်နေတာကို တွေ့လိုက်ရသည်။ လှုပ်ရှားနေတာဆိုတော့ ဘောင်းဘီတိုခပ်ပွပွလေးက သူ့ပေါင်ရင်းထိကို လန်ကျနေပြီး အောက်ခံဘောင်းဘီကိုပင် ရေးတေးတေးလေး မြင်နေရသေးသည်။

လော့ရိ အနည်းငယ် ထိတ်ထိတ်လန့်လန့်ရှိသွားပြီး မေးကြောတွေ ထောင်လာ၏။

ဝမ်းရှောင်ဟွေး ဟောဟဲလိုက်လျက် ....

"ငါ့ကို အခု စကားမပြောနဲ့ဦး"

လော့ရိက ပြုံးတုံ့တုံ့ဖြင့် "ကောပဲ အရင်စပြောပြီး..."

ထိုသို့ပြောပြီးနောက် လော့ရိ တံခါးဘောင်ကို မှီရပ်ကာ ဘေးဘီဘယ်သူ့ကိုမှ အာရုံမထားဘဲ သူလုပ်စရာရှိတာကိုသူ ဆက်လုပ်နေသည့် ဝမ်းရှောင်ဟွေးရဲ့ ခြေကန်ချက်လေးတွေကို ကြည့်နေလိုက်သည်။

ထိုခြေထောက်နှစ်ချောင်းမှာ ဘန်ဘီယုန်လေးတွေ မြေပေါ်မှာ ခုန်ဆွခုန်ဆွလုပ်နေသလိုပင် ဖျစ်ညှစ်ပစ်ချင်စဖွယ်အတိ....

သုံးခေါက်လောက်ဆက်တိုက်လုပ်ပြီးတော့ ဝမ်းရှောင်ဟွေး မောလာကာ သူ့ခြေထောက်တွေကို အောက်ကိုပြန်ချလိုက်ပြီး အိပ်ရာပေါ်မှာ ခြေပစ်လက်ပစ်လှဲလျက် ....

Additional Heritage [Myanmar Translation]Where stories live. Discover now